Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီးနှင့် ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရေး ကြိုးပမ်းနေကြောင်း KNU အသိပေး

အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများမှ ကာကွယ်ရန် အစဉ်တစိုက် ကြိုးစား လုပ်ဆောင်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ခဲ့ပြီး တပ်ဖွဲဝင်များအား သင်တန်းပေးခြင်း စွမ်းရည်မြင့်တင်ပေးခြင်း အစီအစဉ် များအား ပုံမှန်လုပ်ဆောင်လျက်ရှိဟု အသိပေးသည်။

KNU က နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ ၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ကျားမခွဲခြားဆက်ဆံမှု တိုက်ဖျက်​ရေး ဆိုင်ရာ သင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်စဥ်။ ဓါတ်ပုံ-KNU

ဇူလိုင်-၂၊ ၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများမှ ကာကွယ်ရန် အစဉ်တစိုက် ကြိုးစား လုပ်ဆောင်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်ခဲ့ပြီး တပ်ဖွဲဝင်များအား သင်တန်းပေးခြင်း စွမ်းရည်မြင့်တင်ပေးခြင်း အစီအစဉ် များအား ပုံမှန်လုပ်ဆောင်လျက်ရှိဟု အသိပေးသည်။

KNUနိုင်ငံခြားရေးဌာနမှဦးဆောင်ပြီး မြန်မာ-ထိုင်းနယ်စပ်တနေရာ၌ ဇွန်လ ၂၄ရက်မှ ၂၆ရက်အထိ ကျင်းပခဲ့သည့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေ ၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှင့် ကျားမခွဲခြားဆက်ဆံမှု တိုက်ဖျက်​ရေး ဆိုင်ရာ သင်တန်း ​ပေးခဲ့မှုသတင်းကို KNU ဗဟိုက ဇူလိုင် ၁ရက်တွင် ဖော်ပြခဲ့ရာ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

KNUသည် စစ်ပွဲအတွင်း နိုင်ငံတကာဥပဒေများကို လေးစား လိုက်နာပြီးအရပ်သားပြည်သူများအပေါ်စစ်ရာဇဝတ်မှုကျုးလွန်ခြင်းမှ ကာကွယ်ရန် တပ်ဖွဲ့ဝင်များကို သင်တန်းများပေးနေသည်ဟုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“အနာဂတ်မှာတည်ဆောက်မည့်ဖက်ဒရယ်ပြည်ထောင်စုအတွင်း ကော်သူးလေယူနစ်အနေဖြင့် မိမိတိုယူနစ်အတွင်းရှိ နယ်မြေများကို စီမံအုပ်ချုပ်ရာ၌ စွမ်းရည်ပြည့်ဝစွာ စီမံအုပ်ချုပ်နိုင်ရန်၊ ဥပဒေစည်းမျဉ်းစည်းကမ်းများကို စနစ်တကျ ချမှတ်ထားနိုင်ရန် လိုအပ်သည်။ ထို အပြင် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး နိုင်ငံတကာဉပဒေများကိုလည်း အတတ်နိုင်ဆုံး လိုက်နာရန် လိုအပ်သည်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သင်တန်းဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ KNUဥက္ကဌ ပဒိုစောကွယ်ထူးဝင်းလည်းတက်ရောက်ခဲ့ပြီးKNU လက်အောက်ရှိ ဌာန (၁၂) ခုမှ ဌာနအတွင်းရေးမှူးနှင့် ရုံးထိုင်မှူးများ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ကရင်အမျိုးသားရဲတပ်ဖွဲ (KNPF) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည်။

KNUသည်လက်ရှိတွင်ကော်သူးလေအစိုးရဖွဲ့ရန်လုပ်ငန်းစဥ် ၈၀ ရာခိုင်နှုန်းကျော်ပြီးနေပြီဖြစ်ကြောင်းပဒိုစောတောနီးက ဇွန်လအတွင်းက ကျင်းပခဲ့သည့် ကော်သူးလေနေ့တွင် ထုတ်ဖော် ပြောဆိုထားသည်။

KNUကဦးဆောင်ပြီး ကော်သူးလေအစိုးရဖွဲ့စည်းရန် စိုင်းပြင်းနေပြီး ၂၀၂၅ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောသည်။ကော်သူးလေ အစိုးရ ကို ကြေညာမည့် အချိန်ကာလ၊ ကော်သူးလေပြည် တည်ဆောက်ရာတွင်လူငယ်များအား ဖိတ်ခေါ်မှုအကြောင်းစသည်တို့နှင့်ပတ်သက်သည့် ဇွန် ၁၄ ရက်နေ့တွင် ကျရောက်သောကော်သူးလေနေ့ တွင် ပဒိုစောတောနီးက ရှင်းလင်း ပြောကြားခဲ့သည်။

“ကော်သူးလေအစိုးရကို ဘယ်တော့တည်ဆောက်မယ်ဆိုတာကတော့တည်ဆောက်ဖို့ လုံး၀ စိုင်းပြင်းနေတယ်ဆိုတာ မှန်တယ်။ ဒါက လုပ်ငန်းစဉ်ထဲမှာပဲရှိတယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းစဉ်က ၈၀ ရာခိုင်နှုန်းအထက်မှာပြီးစီးပြီလို့ ပြောလို့ရတယ်ဆိုပေမယ့် တကယ်တန်းနေ့ရက်အတိအကျ ပြောလာတဲ့အခါကျနော်တို့ ပြောရနည်းနည်းခက်တယ်။၂၀၂၅ ထဲမှာဖြစ်ရင်လည်းဖြစ်နိုင်တယ်”ဟုပဒိုစောတောနီးက ပြောသည်။

သေချာသည်မှာ ကော်သူးလေ အစိုးရသည် ပြည်ထောင်စု အဖွဲ့ဝင် တခုအနေဖြင့် ဖော်ဆောင်မည် အနာဂတ် တွင် ဖော်ဆောင်မည့် ပြည်ထောင်စု၌ ပါဝင်မည်မှာ သေချာသည်ဟု ပဒိုစောတောနီးကထပ်လောင်း ပြောဆိုခဲ့သည်။

ကော်သူးလေအစိုးရသည် တော်လှန်ရေးကာလ၌ ဖွဲ့စည်းမည့် အစိုးရ ဖြစ်သည်နှင့်အညီ KNUက ခေါင်းဆောင်မှုပိုင်း၊ လမ်းညွှန်မှုနှင့် ထိန်းကြောင်းမှု အပိုင်း၌ ရှိနေမည်ဖြစ်ပြီးအခြားလူထုလူတန်းစားများ၊ ကိုယ်စားပြုမှုများ အားလုံး ပါဝင်နိုင်မည်ဟု ပြောသည်။ကရင်မဟုတ်သည့်လူမျိုးများ၊ လူငယ် ၊ အမျိုးသမီး၊ ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်များပါမည်ဟုလည်းအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။