Connect with us

Hi, what are you looking for?

သတင်း

သန်လျင်မြို့နယ်၌ ဖမ်းဆီးခံထားရသူများသည် ​တော်လှန်​ရေးရန်ပုံ​​ငွေများလိမ်ယူသွားပြီး စစ်ကောင်စီထံ လက်နက်ချထားသူများဖြစ်​နေ

စစ်​ကောင်စီက သန်လျင်မြို့နယ်၌ ယ​နေ့ နံနက်တွင် ဖမ်းဆီးခဲ့သည်ဟုဆိုသူများသည် ​တော်လှန်​ရေးရန်ပုံ​​ငွေများလိမ်လည်ယူသွားပြီးစစ်ကောင်စီထံ လက်နက်ချခဲ့သူများဖြစ်ကြောင်း တော်လှန်အင်အားစုများကပြောသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ဖြန့်​ဝေ​နေ​သောဓါတ်ပုံ

ဇူလိုင်-၂၊၂၀၂၅။သတိုး၊​​​ကျော်စွာ/People’s Spring

စစ်​ကောင်စီက သန်လျင်မြို့နယ်၌ ယ​နေ့ နံနက်တွင် ဖမ်းဆီးခဲ့သည်ဟုဆိုသူများသည် ​တော်လှန်​ရေးရန်ပုံ​​ငွေများလိမ်လည်ယူသွားပြီးစစ်ကောင်စီထံ လက်နက်ချခဲ့သူများဖြစ်ကြောင်း တော်လှန်အင်အားစုများကပြောသည်။

“အင်္ကျီအဖြူနဲ့ ကောင်က ချစ်ဇင်လင်း၊တောထဲမှာ အာဏာ ငွေကြေး အလွဲသုံးစားလုပ် ရဲဘော်တွေကို နှိပ်စက်ညှင်းပန်းပြီး စကစ ဆီမှာ ပြည်သူတွေ လှူတဲ့ လ-နတွေနဲ့ သူ့လူတွေခေါ်ပြီး အလင်း ဝင်ထားတာ ကြာပြီ ။မြို့ပေါ်က ကျန်ခဲ့တဲ့ ရဲဘော် မိသားစုဝင် တွေကိုတောင်ခြိမ်းခြောက်ခဲ့တဲ့ကောင် ၊ဘေးကသူ့မိန်းမ ထောက်ပို့ အမည်ခံပြီး လိမ်နေရင်း အဖမ်းခံရလို့ကယ်တာ တလရသစ္စာဖောက်ကောင် ဖောက်ပြန်ရေးသမားတွေ၊ဘာမှသနားစရာ စောက်ကြောင်းမရှိဘူး ” ဟု ‌ရဲဘော်တစ်ဦးက စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် ဓာတ်ပုံနှင့်အတူရေးသားထားသည်။

ယင်းအဖွဲ့သည် ၂၀၂၃ ဇူလိုင်လတွင် လက်နက် ၊ ငွေသိန်းထောင်ကျော် နှင့်အတူ စစ်ကောင်စီထံ၌ အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု Thanlyin Media ကဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီထံ အဖမ်းခံရသည့် အမျိုးသမီးသည် ထောက်ပို့ အမည်ခံဆက်လက်လုပ်ကိုင်နေရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“တပ်မဟာ (၇)ကနေ တောကျီးကန်းနဲ့ပါလာတယ်။ ပါလာပြီးတော့ အဲကောင်တွေ လက်နက်နဲ့အတူ အလင်းဝင်သွားတယ်။ စစ်ကောင်စီဘက်ကို ပါသွားတယ်။ အခုဖမ်းခံရတဲ့ ကောင် မလေးက သူ့ရဲ့မိန်းမပေါ့။ သူ့ရဲ့မိန်းမကို ပြန်ကယ်ရင်းနဲ့ အခုဖမ်းခံရတာပေါ့”ဟု PDF တောင်ပိုင်းစစ်ဒေ၊ အမှတ် (၂)စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယင်းနှင့်ပတ်သက်၍ ​တောကျီးကန်းစစ်​ကြောင်းကို​မေးမြန််းရာ အဆိုပါဖြစ်စဥ် ဖြစ်ပွားခဲ့သည်မှာ မှန်ကန်​​ကြောင်း​ပြောသည်။ သို့သော်လည်း စစ်​ကောင်စီက ဇူလိုင် ၂ ရက်တွင်ဖမ်းဆီးသူများဟုတ်၊မဟုတ် အတည်ပြုရန် စီစစ်​နေ​ကြောင်းဆက်​ပြောသည်။

ထိုအပြင် ချစ်ဇင်လင်း (​ခေါ်) အင်ဒရူးသည် ကရင်ပြည်နယ်တွင် National Special Force အမည်ဖြင့်အဖွဲ့ထူ​ထောင်ခဲ့ပြီး ၂၀၂၃ ဇူလိုင်လတွင် ဒုတပ်ခွဲမှူး ရန်ကုန် (ခေါ်) ဘုန်းမြင့်အောင် နှင့်အတူ ​ငွေများ၊လက်နက်များကိုပါယူ​ဆောင်၍ စစ်​ကောင်စီဖြင့်ပူး​ပေါင်းသွားခဲ့​ကြောင်းသိရသည်။ထို​ကြောင့် National Special Force ကို ၂၀၂၃ စက်တင်ဘာလတွင်ဖျက်သိမ်းခဲ့​ကြောင်း အဖွဲ့မှကျန်​ခေါင်း​ဆောင် တစ်ဦးက RFA သတင်းဌာနကို​ဖြေကြားခဲ့သည်။ချစ်ဇင်လင်း (​ခေါ်) အင်ဒရူး နှင့် ရန်ကုန် (ခေါ်) ဘုန်းမြင့်အောင် တို့သည် အဖွဲ့အတွက် အလှူခံရရှိထား​သော ထိုင်းဘတ်ငွေ ၁၀ သိန်းနီးပါးကို ယူ​ဆောင်သွားခြင်းဖြစ်​ကြောင်းသိရသည်။

ချစ်ဇင်လင်းပါ အဖွဲ့သည် ဇူလိုင် ၁ ရက်ညက လှိုင်သာယာမြို့နယ်ရဲစခန်း၌ နိုင်ငံရေးပုဒ်မတပ် ဖမ်းဆီးခံထားရသည့် အမျိုးသမီကို ဆေးရုံလိုက်ပို့ချိန်တွင် ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်၍ ကယ်တင်သွား​ကြောင်း စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်မီဒီယာများကစတင်​ဖော်ပြသည်။ထို့​နောက်ဇူလိုင် ၂ ရက်နံနက်တွင် သန်လျင်မြို့နယ် ဘော့သပြေကန်ကျေးရွာအနီး၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်များက ဓါတ်ပုံဖြင့်ဖြန့်ချီပြန်သည်။ထို့အပြင် ၎င်းတို့က ရဲများကိုပစ်ခတ်၍ ကယ်သွားသည်ဆို​သော CCTV ရုပ်သံမှတ်တမ်းကိုပင် ဇူလိုင် ၂ ရက် ​ည​နေပိုင်းတွင်ထပ်မံဖြန့်ချီ​နေပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။