Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မြေသယ်ကားက စက်ဘီးစီးကလေးငယ်ကိုတိုက်မိပြီးကလေးသေဆုံး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မြေသယ်ကားတစ်စီးက အသက် ၁၂နှစ်အရွယ် ကလေးကိုဝင်တိုက်မိရာမှာ အခင်းဖြစ်တဲ့နေရာမှာတင်ကလေးသေဆုံးသွားတယ်လို့ သွားရောက်ကူညီခဲ့တဲ့ နန္ဒာမေတ္တာ လူမှုကူညီရေးအသင်းကဖော်ပြပါတယ်။

ဓာတ်ပုံ - နန္ဒာမေတ္တာ လူမှုကယ်ဆယ်ရေးအဖွဲ့

ဇူလိုင် – ၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မြေသယ်ကားတစ်စီးက အသက် ၁၂နှစ်အရွယ် ကလေးကိုဝင်တိုက်မိရာမှာ အခင်းဖြစ်တဲ့နေရာမှာတင်ကလေးသေဆုံးသွားတယ်လို့ သွားရောက်ကူညီခဲ့တဲ့ နန္ဒာမေတ္တာ လူမှုကူညီရေးအသင်းကဖော်ပြပါတယ်။

မြရည်နန္ဒာရပ်ကွက် ၁၁၄လမ်း၊ ၄၉ထောင့်မှာ ဒီနေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ စက်ဘီးစီးလာတဲ့ အသက် ၁၂နှစ်အရွယ် ယောင်္ကျားလေး ကို မြေသယ်ကား က တိုက်သွားတာပါ။

မြေသယ်ကားမောင်းသူက တိုက်ပြီး ထွက်ပြေးသွားတဲ့အတွက် ယာဉ်တိုက်မှုဖြစ်ပွားရာနေရာအနီးက CCTVကနေတဆင့် ရှာဖွေနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာမှာ အလုပ်မလုပ်တဲ့ မီးပွိုင့်လည်းရှိနေပြီး ယာဉ်အသွားအလာများပြားတဲ့ နေရာလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် မန္တလေး မြို့တွင်းမှာ ကျောက်ကား၊ မြေသယ်ကားတွေကို စည်ပင်က မကြပ်မတ်တော့တဲ့အတွက် သတ်မှတ်မိုင်နှုန်းထက် စည်ကမ်းမဲ့ မောင်းနှင်တာတွေရှိနေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်း လမ်းဘေးမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဇူလိုင် ၁၁ ရက် ညပိုင်းက တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

သတင်း

မန္တလေးတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲအတွက်ဆိုပြီး Non CDM ဝန်ထမ်းတွေမဲနှိုက်ပြီးသင်တန်းတက်ခိုင်း​နေကြောင်းသတင်းရရှိပါတယ်။

သတင်း

မန္တလေး နဲ့ စစ်ကိုင်းမြို့မှာ မနေ့ညက လက်နက်ကြီးသံတွေ နေရာအနှံ့က ကြားရကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးသက်ကြီးပိုင်း အမျိုးသားကြီးတစ်ဦး ဆိုင်ကယ်လုယက်ခံရချိန်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။