Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်မှုထမ်းဖို့ ၅ ရက်အတွင်း လူငယ် ၃၀ နီးပါး အဖမ်းခံရ

ငလျင်​ဘေးဒဏ်သင့်မန္တလေးမြို့မှာစစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြန်လည်ပြုလုပ်လာပြီး ၅ ရက်အတွင်း လူငယ် ၃၀ နီးပါးဖမ်းဆီးခံရကြောင်းသတင်းရရှိပါတယ်။

မန္တလေးမြို့ပေါ်မှာ စစ်သား​တွေကို ၂၀၂၄ ခုနှစ်မှာ​တွေ့ရစဥ်။ ။ဓာတ်ပုံ-CJ

ဇူလိုင်-၄၊၂၀၂၅။မေရီ/People’s Spring

ငလျင်​ဘေးဒဏ်သင့်မန္တလေးမြို့မှာစစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြန်လည်ပြုလုပ်လာပြီး ၅ ရက်အတွင်း လူငယ် ၃၀ နီးပါးဖမ်းဆီးခံရကြောင်းသတင်းရရှိပါတယ်။

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေပြန်လည်ဖမ်း​ဆီးလာခဲ့ပါတယ်။ မန္တလေးမြေပြင်အခြေအနေတွေ ဖော်ပြပေးနေတဲ့ Voice Of Mandalay ရဲ့အချက်အလက်တွေအရ ဇွန် (၃၀) ရက်က ဟေမာတောင်ရပ်ကွက်က လူငယ် အမျိုးသား (၂) ဦး၊ ဇူလိုင် (၁) ရက်နေ့က မဟာအောင်မြေမြို့နယ် ၃၆လမ်း၊ ၆၉ လမ်းနဲ့ ၇၀လမ်းကြား၊ အောင်ချမ်းအေးရပ်ကွက်မှ အမျိုးသား (၂) ဦး၊ ဇူလိုင်လ (၂) ရက်နေ့က အောင်မြေသာစံမြို့နယ် ၈၆လမ်း၊ ၁၅ လမ်းနဲ့ ၁၆ လမ်းကြားမှာ လူငယ် (၁၉)ဦး ဖမ်းဆီး​ခေါ်​​​ဆောင်ခံရတယ်လို့စုံစမ်းသိရပါတယ်။

ဒါအပြင် ဇူလိုင် (၂)ရက်မနက်ပိုင်းမှာပဲ အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်း၊ ၆၂ လမ်းအနီးမှာ လူငယ် (၂)ဦး၊ ဇူလိုင် (၃)ရက်နေ့မှာလည်း အောင်မြေသာစံမြို့နယ် ၈၆လမ်း၊ ၁၅ လမ်းနဲ့ ၁၆ လမ်းကြားမှာ လူငယ် (၁)ဦး၊ ဇူလိုင်(၃)ရက်ညမှာမဟာအောင်မြေမြို့နယ်၊ဟေမမာလာမြောက်ရပ်ကွက်၊အကွက်၆၄၄၊ ၃၅လမ်းနဲ့ ၃၆လမ်းကြား၊ ၇၉လမ်းနဲ့ လမ်း ၈၀ကြားက လူငယ် (၁)ဦး တို့ကို ဖမ်းဆီးသွားတာဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

“အုပ်ကြီးတွေကတော်တော်ကိုဆိုးနေတာ”လို့ အောင်မြေသာစံမြို့နယ် ၈၆လမ်းနေ အမျိုးသားတဦးက ပြောပါတယ်။

လူငယ်တွေကို ညပိုင်းတွေနဲ့ မနက်အစောပိုင်းတွေမှာ နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာမဲနှိုက်တာ မဟုတ်ဘဲ နာမည်စာရင်းပြုစုပြီး နေအိမ်ကနေ ခေါ်ဆောင်သွားတာဖြစ်ပြီးအဲဒီအထဲက လူငယ်တွေကို တပ်မ (၉၅)ကို ပို့ဆောင်ထားတယ်လို့ Voice Of Mandalay က အသိပေးပါတယ်။

အထက်ပါစာရင်းတွေဟာ Voice Of Mandalay အဖွဲ့က ရရှိတဲ့အချက်အလက်တွေသာဖြစ်ပြီး မြေပြင်မှာ ဒီ့ထက်ပိုများနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ဆိုင်ကယ်လိုင်စင်တွေစစ်ဆေးရင်း လူတွေကိုပါ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်​ကောင်စီဟာ မတ်လ ၂၈ ရက်ငလျင်ကြီးဒဏ်ပြင်းထန်စွာခံရတဲ့ မန္တ​လေးမြို့က လူငယ်​တွေကို ငလျင်လှုပ်ပြီး လပိုင်းအကြာမှာပဲ အဓမ္မ စစ်မှုထမ်းခိုင်း​​နေတာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။