Connect with us

Hi, what are you looking for?

သတင်း

တရုတ်ရဲ့ကျားဖြန့်နှိမ်နင်းရေးအထူးအဖွဲ့တစ်ခု မြဝတီကို ရောက်နေ

ကျားဖြန့်နှိမ်နင်းရေးတရုတ်ရဲ့အထူးအဖွဲ့တစ်ခုဟာ မြဝတီမြို့ကိုရောက်နေတယ်လို့ သိရပါတယ်။

ဇူလိုင်-၇၊၂၀၂၅။People’s Spring

ကျားဖြန့်နှိမ်နင်းရေးတရုတ်ရဲ့အထူးအဖွဲ့တစ်ခုဟာ မြဝတီမြို့ကိုရောက်နေတယ်လို့ သိရပါတယ်။

ထိုင်းနဲ့နယ်စပ်နားမှာရှိတဲ့မြဝတီကိုတရုတ်ရာဇဝတ်မှု စုံစမ်းရေး ဗျူရို (CIB)ကစေလွှတ်တဲ့ ၁၁ ဦးပါ အဖွဲ့တစ်ခု ရောက်ရှိနေတာလို့ ထိုင်းသတင်းဌာန Bangkok Postက ဖော်ပြခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာဘန်ကောက်ကို အရင်ရောက်လာပြီး အဲဒီကမှတဆင့်ထိုင်းရဲ့နယ်စပ်မြို့မဲဆောက်ကို Nok လေကြောင်းလိုင်းနဲ့ ခရီးဆက်ပြီး ဇူလိုင် ၆ ရက် ညပိုင်းမှာ ရောက်ရှိခဲ့ပါတယ်။ ပြီးတော့ နယ်စပ်ကိုဖြတ်ပြီး မြဝတီဖက်ကို ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနလက်အောက်ခံ CIBရဲ့ အရာရှိတွေဟာ မြန်မာဖက်မှာ စစ်ကောင်စီနဲ့ တွေ့ဆုံပြီး မြဝတီ အခြေစိုက်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာပိတ်မိနေတဲ့တရုတ်နိုင်ငံသားတွေကို ကယ်ထုတ်ရေးကိစ္စ ဆွေးနွေးကြမယ်လို့ Bangkok Postက ဆိုပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုကြောင့်နယ်စပ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကိုပစ်မှတ်ထားဖြိုခွင်းမှုတွေ မြင့်တက်လာတဲ့တိုင် မြဝတီမှာ အဲဒီဂိုဏ်းတွေ ဆက်ပြီးလည်ပတ်နေဆဲ ဖြစ်ကြောင်း၊အဲဒီရာဝတ် လှုပ်ရှားမှုတွေကို ပိုမို အားစိုက်ခွန်စိုက် ဖြိုခွင်းဖို့ မြန်မာဖက်ကို CIB ရဲ့ အထူးအဖွဲ့က ဖိအားပေးနိုင်ကြောင်းလည်းအဲဒီသတင်းကဆိုပါတယ်။

နှစ်ဆန်းပိုင်းကတရုတ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝမ်ကျင်ဟာထိုင်း-မြန်မာနယ်စပ်အခြေစိုက်ကျားဖြန့်ဂိုဏ်းတွေကအလုပ်အကိုင်ကမ်းလှမ်းပြီး မက်လုံးပေး လိမ်လည် ခေါ်ယူခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။အဲဒီဖြစ်စဉ်နောက်ပိုင်း ကျားဖြန့်နှိမ်နင်းရေးမှာ တရုတ်က ပိုပြီး အာရုံစိုက်လာခဲ့ပါတယ်။ ဝမ်နည်းတူ ကျားဖြန့်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှု သားကောင်ဖြစ်နေတဲ့နောက်ထပ်တရုတ်နိုင်ငံသားတွေကိုကယ်ဆယ်နိုင်ရေး အတွက်လည်း တရုတ်က ပိုပြီး အားထုတ်လာခဲ့ပါတယ်။

ဒါ့အပြင်တရုတ်ဟာကျားဖြန့်နှိမ်နင်းရေးမှာထဲထဲဝင်ဝင် ကူညီပေးဖို့ စစ်ကောင်စီရော၊ ထိုင်းအစိုးရကိုပါ ဖိအားပေးခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာတော့ ထိုင်းဟာနယ်စပ်ကကျားဖြန့်ဂိုဏ်းတွေအဓိကလှုပ်ရှားရာ နယ်မြေတွေကို ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက်ကွန်ရက်ထောက်ပံ့မှုတွေဖြတ်တောက်ခဲ့ပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။