Connect with us

Hi, what are you looking for?

သတင်း

အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုများအမြန်ရပ်တန့်ပြီး နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် ချင်းတော်လှန်ရေး တပ်များကို NUCC ပန်ကြား

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများနှင့်ပတ်သက်သည့် ပန်ကြားချက်ကို ယနေ့ တွင်ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းအကြား လက်နက်ကိုင်စွဲ ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးပါရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန်မေတ္တာရပ်ခံလိုက်သည်။

ဇူလိုင်-၈၊၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများနှင့်ပတ်သက်သည့် ပန်ကြားချက်ကို ယနေ့ တွင်ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းအကြား လက်နက်ကိုင်စွဲ ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးပါရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန်မေတ္တာရပ်ခံလိုက်သည်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)နှင့် ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟွာလ်ငိုးရမ်း တို့သည် ဇူလိုင် ၂ရက်မှစ၍ဖလမ်းမြို့နယ်၌ တိုက်ပွဲဖြစ်ခဲ့ရာ CDF ဟွာလ်ငိုးရမ်းစခန်း အချို့နှင့် CDF ဟွာလ်ငိုးရမ်းထိန်းချုပ်ထားသည့် ရိဒ်ခေါ်ဒါမြို့၊ ချင်းအမျိုးသားတပ်မတော်(CNA)တပ်စခန်းအချို့ကို CNDFက သိမ်းပိုက်ခဲ့ရာ CNA ကလည်း CNDF ဌာနချုပ်ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။

ထို့နောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အခြေအနေတွင် NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် အခြားတော်လှန်ရေးအင်အားစုများက ချင်းတိုင်းရင်းသားအချင်းချင်းအကြား ဆွေးနွေးဖြေရှင်းရန် ထုတ်ပြန်ချက်၊ ပြောဆိုချက်များ ပြုလုပ်တိုက်တွန်းနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေဖြင့် ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအကြားလတ်တလောဖြစ်ပွားနေသောသဘောထားကွဲလွဲမှုများနှင့်နောက်ဆက်တွဲ ပွတ်တိုက်မှုများ အတွက် အလွန်အမင်း စိုးရိမ်ပူပန်မိဟုလည်း NUCC၏ ကြေညာချက်၌ ဖော်ပြသည်။

ထို့အပြင် လိုအပ်ပါက ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုများတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့်ပါဝင် ကူညီဆောင်ရွက်သွားရန်အသင့်ရှိပါကြောင်းလည်း အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း တော်လှန်ရေးတပ်ဖွဲ့များအကြား သဘောတူထားသည့် အတိုင်း မိတ်ဖက်အချင်းချင်းကြားပြဿနာများကို ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တိုက်တွန်းသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရကလည်း မျိုးနွယ်စုတူဖြစ်သည့် ချင်းတိုင်းရင်းသားအချင်းချင်း အကြား ပဋိပက္ခများ ဆွေးနွေးဖြေရှင်းရန် CNDနှင့် CDF ဟွာလ်ငိုးရမ်းအကြား တိုက်ပွဲစတင်ကတည်းက ကြားဝင်စေ့စပ်ပေးလျက်ရှိသော်လည်း ဆွေးနွေးပွဲများ ဖြစ်မလာသေးပေ။

ချင်းသတင်းရင်းမြစ်တဦးကမူ လတ်တလောတွင် ချင်းတပ်ဖွဲ့အချင်းချင်းအကြား ပြဿနာများ ကို တိုက်ရိုက်ကြားဝင်ဖြေရှင်းပေးမည့်အဖွဲ့မရှိသေး၍ ဆွေးနွေးမှုများ ဖြစ်ရန် ခက်ခဲဟု ပြောသည်။

“အခုလောလောဆယ်ကတော့မဖြစ်နိုင်သေးဘူးထင်တယ်။ဘာဖြစ်လို့လည်းဆိုတော့ဘယ်သူက ဦးဆောင်မလဲပေါ့။ တိုက်တွန်းတာတွေကတော့ရှိပါတယ်။ ဒါပေမဲ့ အခုထိတော့ဆွေးနွေးအဖြေရှာဖို့တကယ်လုပ်ဆောင်မယ့်သူကတော့ မရှိသေးဘူးလို့မြင်တယ်။ မြင်တာမဟုတ်ဘူး အခု ရှိလည်းမရှိသေးဘူး” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

ထိုအပြင်ယနေ့ ဇူလိုင် ၈ရက်နေ့အထိဖလမ်းမြို့နယ်အတွင်း တိုက်ပွဲများ ဆက်ရှိနေကြောင်း ၎င်းကပြောသည်။

ချင်းဒေသကာကွယ်ရေးတပ် CDF ပလက်၀ကလည်း လက်ရှိ ချင်းပြည်အတွင်းဖြစ်ပွားနေသော လူမျိုးချင်းတူ ညီအစ်ကိုကြား သွေးထွက်သံယိုမှုကိစ္စသည် ချင်းလူမျိုးများ၏ သွေးစည်းညီညွတ်ရေး လမ်းစဉ်ကို လွန်စွာထိခိုက်စေကြောင်းထုတ်ပြန်ထားသည်။

ထို့ကြောင့်ချင်းလူမျိုးအချင်းချင်းကြားဘုံရန်သူကိုတိုက်ထုတ်နေသောတော်လှန်ရေးကာလအတွင်း လူမျိုးနွယ်စု/ဒေသ ကိစ္စရေးများတွင် လုံးဝ ဝင်ရောက်စွက်ဖက်ပူးပေါင်းပါဝင်ရန် အားမပေးကြောင်းနှင့် အချင်းချင်း ပဋိပက္ခဖြစ်စေသော မည်သည့် ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အားပေးထောက်ခံမည်မဟုတ် ကြောင်း CDF ပလက်၀က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ ချင်းတော်လှန်ရေး တပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေဟု ဒေသခံက ဒီကနေ့ ဇွန်လ ၅ရက် ညနေမှာ ပြောကြားပြီး ချင်းတော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်ကမတူပီမြို့နယ်ထဲကိုဂျက်ဖိုက်တာ၊ Y12 တွေနဲ့တပြိုင်နက်ဗုံးကြဲပြီးကျန်တဲ့မြို့နယ်တွေကိုကင်းထောက်နေ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။