Connect with us

Hi, what are you looking for?

သတင်း

ရွှေညဝါဆရာတော် ပျံလွန်တော်မူ

ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ရွှေညဝါဆရာတော်(ခ) ဆရာတော် အရှင်ပညာသီဟ ဟာ ဒီကနေ့ (ဇူလိုက်၁၀ရက်) မနက်မှာ ပျံလွန်တော်မူသွားတယ်လို့ ဆရာတော်နဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

ဇူလိုင်-၁၀၊၂၀၂၅/People’s Spring

ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ရွှေညဝါဆရာတော်(ခ) ဆရာတော် အရှင်ပညာသီဟ ဟာ ဒီကနေ့ (ဇူလိုက်၁၀ရက်) မနက်မှာ ပျံလွန်တော်မူသွားတယ်လို့ ဆရာတော်နဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

ရွှေညဝါဆရာတော်ဟာ ဒီကနေ့ နံနက်စော၂ နာရီ ၄၅မိနစ်အချိန်မှာရန်ကုန်မြို့ကအာရှတော်ဝင်ဆေးရုံမှာ ပျံလွန်တော်မူသွားတာလို့ ဆိုပါတယ်။

ပျံလွန်ချိန်မှာ သက်တော်(၆၁) နဲ့ ဝါတော်(၂၇) ဝါရှိလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းတဲ့နေ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဖမ်းဆီးခံရပြီး ၂၀၂၂ နိုဝင်ဘာ ၁၇ရက်မှာ ထောင်က ပြန်လွတ်လာပြီးနောက် ထောင်ကပါလာတဲ့အသည်း‌ရောဂါကို အာရှတော်ဝင်ဆေးရုံမှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ် ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လူသိများထင်ရှားသူ ရွှေညဝါ ဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပန ကို မှော်ဘီမြို့ ၊ ရွှေညဝါတောရသာသနာပြုကျောင်းတိုက်မှာ ဒီနေ့မှာ ပြုလုပ်နေပါတယ်။

ဆောင်းပါး

အင်းစိန်ထောင်ကနေ တရက်တည်းမှာ အတူတူ လွတ်မြောက်လာတဲ့ ရွှေညဝါဆရာတော်နဲ့ စာရေးဆရာ မောင်သာချိုတို့ဟာ ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်မှာလည်း လူ့ဘောင်လူ့လောကကနေ တရက်တည်း တပြိုင်တည်း ပြန်လည်ထွက်ခွာသွားခဲ့ကြပါတယ်။

သတင်း

တစ်ရက်တည်း ဆုံးပါးသွားကြတဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ ဈာပနနဲ့ စာရေးဆရာ မောင်သာချိုရဲ့နာရေးကို ဇူလိုင် ၁၂ရက်နဲ့ ၁၆ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

သတင်း

ပျံလွန်တော်မူသွားတဲ့ ရွှေညဝါဆရာတော်၏ ရုပ်ကလာပ်ကို တစ်ပတ်ကြာ အပူဇော်ခံမှာဖြစ်ပြီး လာမယ့် ဇူလိုင် ၁၆ရက် ဗုဒ္ဓဟူးနေ့မှာ မှော်ဘီမြို့မသုဿန်ကိုပင့်ဆောင်ပြီး ဈာပနပူဇာသဘင် ကျင်းပမယ်လို့ ဆရာတော်ရဲ့ ဈာပနအခမ်းအနားကျင်းပရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။