Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်ထဲ လမ်းဘေးမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်း လမ်းဘေးမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဇူလိုင် ၁၁ ရက် ညပိုင်းက တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဓာတ်ပုံ - မြရည်နန္ဒာလူမှူကယ်ဆယ်ရေးအဖွဲ့

ဇူလိုင် – ၁၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အတွင်း လမ်းဘေးမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဇူလိုင် ၁၁ ရက် ညပိုင်းက တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ် ၊ ရေလောင်ရွာဆီသွားရာ လမ်းဘေးမှာ ဇူလိုင် ၁၁ ရက် ညပိုင်း ၇ နာရီခန့်က တွေ့ရှိခဲ့တာပါ။

“အလောင်းပိုင်ရှင်တော့ မသိရသေးဘူး ၊အလောင်းက ပုတ်ပွနေပြီ ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားပြီး သေဆုံးသူက အသက် ၃၅ ဝန်းကျင်အရွယ်လို့သိရပါတယ်။

သေဆုံးသူဟာဆိုရင် အနက်ရောင် လည်ကတုံး လက်တို အင်္ကျီ နဲ့ ခဲရောင်ဘောင်းဘီတို ဝတ်ဆင်ထားတယ်လို့ လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။ သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

အခုလ ဇူလိုင်လ၁ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ အာဟာရပြတ်လပ်သေဆုံးတဲ့ရုပ်အလောင်းတွေ၊ ဓားဒဏ်ရာ၊ ရိုက်နှက်ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေစွန့်ပစ်ထားတာကို ဒေသခံတွေ မကြာခဏ တွေ့လာရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။