Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုး ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ၊ ခွဲထွက် DKBA ခေါင်းဆောင်ဗိုလ်ဘိ ဒဏ်ရာရတဲ့သတင်း သတင်းမှားသာဖြစ်

ကရင်ပြည်နယ် ၊ ကျုံဒိုး – ကော့ကရိတ် လမ်းပိုင်းကို စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၊ ခွဲထွက် DKBA တို့နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် – ၁၆ ၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ကျုံဒိုး – ကော့ကရိတ် လမ်းပိုင်းကို စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၊ ခွဲထွက် DKBA တို့နဲ့ KNU ပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ ဇူလိုင်လ ပထမ ပတ်ကစတင်ပြီး ကျုံဒိုး – ကော့ကရိတ်လမ်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ခွဲထွက် DKBA တပ်ဖွဲ့တွေကို KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်က ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နေတာလည်းဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်ထိတွေ့တိုက်ပွဲမှာ တိုးမရတဲ့အခါ စစ်ကောင်စီလေတပ်က ကျုံဒိုး – ကော့ကရိတ်လမ်းပိုင်းက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေဆီကလည်းသိရပါတယ်။

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA ပူးပေါင်းတပ်ကို သုံးပြီး ကျုံးဒိုးကနေ ကော့ကရိတ်ဘက်ကို စစ်ကြောင်းထိုးတာလည်းဖြစ်ပါတယ်။

မနေ့ ဇူလိုင်လ ၁၅ ရက် တိုက်ပွဲမှာတော့ ခွဲထွက် DKBA ခေါင်းဆောင်ဗိုလ်ဘိ ထိခိုက်ဒဏ်ရာရပြီး စစ်ဆေးရုံမှာ ကုသမှု ခံယူနေတ​ယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ပေမယ့် အဲဒီသတင်းက သတင်းမှားသာဖြစ်တယ်လို့ ခွဲထွက် DKBA ဘက်က သတင်းရင်းမြစ်က အသိပေးပါတယ်။

စစ်ကောင်စီတပ်ဟာ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA ကို လက်နက်ခဲယမ်းထောက်ပံ့ပေးပြီး ဗိုလ်ဘိကလည်း ကျုံဒိုး – ကော့ကရိတ် လမ်းပိုင်း စစ်ဆင်ရေးအတွက် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို သုံးပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။