Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းတိုက်ခိုက်မှု ရဲနှစ်ဦး သေဆုံး၊ ရဲကားကို မီးရှို့ဖျက်ဆီး

ရန်ကုန်-မန္တလေးအမြန်လမ်း၌ စစ်ကောင်စီ၏ ရဲကားတစ်စီးအား တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးပြီး ကားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းဦးဆောင်သူ ကိုစိုးအောင်က လူထုနွေဦးသို့ ပြောသည်။

ဇူလိုင်-၂၀၊ ၂၀၂၅။ရဲခေါင်၊​ဇော်ရမ်း/People’s Spring

ရန်ကုန်-မန္တလေးအမြန်လမ်း၌ စစ်ကောင်စီ၏ ရဲကားတစ်စီးအား တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးပြီး ကားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းဦးဆောင်သူ ကိုစိုးအောင်က လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇူလိုင် ၂၀ရက်) နံနက် ၇နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၁၈)သို့ မောင်းလာသည့် စစ်ကောင်စီ၏ လက်အောက်ခံ ရဲကားကို ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

“ကားက ရဲကားနဲ့လာတာပါဗျ။ကားပေါ်မှာလည်း ရဲနှစ်ဦး ပါပါတယ်။ပါလာတဲ့နှစ်ယောက်စလုံးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်။ကားကိုလည်း သိမ်းဆည်းရရှိတယ်။သူတို့ပါလာတဲ့ လက်နက်ခဲယမ်းတွေရတယ်”ဟု ကိုစိုးအောင်က တိုက်ခိုက်မှုဖြစ်စဥ်အပေါ် ပြောသည်။

Public Service Announcement

Public Service Announcement

၄၅ မိနစ်ကြာတိုက်ခိုက်မှုအတွင်း BA-94 နှစ်လက်၊ ကျည်ဘောက် ငါးခုနှင့် ကျည်များ သိမ်းဆည်းရမိကြောင်း အဆိုပါတပ်ရင်းက အသိပေးသည်။

ကားအား မောင်းနှင့်ယူဆောင်ရန်ကြိုးပမ်းခဲ့သေးပြီး မောင်းမရ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာခဲ့ကြောင်းလည်းဖော်ပြထားသည်။

တိုက်ပွဲသတင်းအား ယနေ့နံနက်ပိုင်းက ထွက်ပေါ်ခဲ့ရာတွင် အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈- ၃၁၉ အနီးမှ ပြင်စည်အမြန်လမ်းရဲကင်းစခန်းကို တိုက်ခိုက်ခြင်းဟု ဒေသတွင်းကာကွယ်ရေးရဲဘော်အချို့က ပြောခဲ့သည်။ ယခုညပိုင်းမှသာ နွားထိုးကြီး (Natogyi PDF)က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

အရေးအကြောင်းပေါ်မူတည်ပြီး ခရီးသွားပြည်သူများအနေဖြင့် အမြန်လမ်းအသုံးပြုရာတွင် ဒေသခံ ပြည်သူကာကွယ်ရေးတပ်များ၏ အချိန်နှင့်တပြေးညီ အသိပေးမှုများကို သတိပြုရန်လည်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းက သတိပေးထားသည်။

စစ်ကောင်စီသည် အရပ်သားကားများကို အသုံးပြု၍ အမြန်လမ်း၌ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်းလည်း အသိပေးသည်။

(အမြန်လမ်း၌ ရဲကားအား တိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ရုပ်သံ – NPDF)

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ဒလမြို့နယ်မှာ ဇနီးဖြစ်သူအသတ်ခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမပေးတဲ့ စစ်တပ်နဲ့ရဲကို လူမှုကွန်ရက်မှာ ဝေဖန်ခဲ့တယ်ဆိုပြီး ဒေါက်တာကောင်းစံကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြည်သူတွေကို နှောက်ယှက် ငွေညှစ်တောင်းခံနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟားခါးက မတ်လ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)အရာရှိနဲ့ သားအဖသုံးဦး ရိုက်သတ်ခဲ့တဲ့ စစ်ကောင်စီ ရဲနှစ်ဦးကို ယ​နေ့(မတ်လ ၁၂ရက်)မှာ သင်္ဂြိုလ်မှာဖြစ်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့မှာ ဆပ်ကြေးကောက်ဖို့ လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ နှစ်ဦးတိုက်ခိုက်ရာ သေဆုံးပြီး လက်နက်နှစ်လက် သိမ်းရတယ်လို့ သရက်ခရိုင်အမှတ်-၄ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။