Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများအား MNDAAက ထောက်ပံ့ကြေးပေး

လူထုဘေးကင်းလုံခြုံရေး ဆောင်ရွက်သွားမည်ဟုဆို

လူထုဘေးကင်းလုံခြုံရေး ဆောင်ရွက်သွားမည်ဟုဆို

ဩဂုတ်၂၊၂၀၂၅။လူအေး/People’s Spring

ကွတ်ခိုင်မြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးသူများအတွက်ထောက်ပံ့ကြေးကို ကိုးကန့် တပ်မတော်(MNDAA) က ပေးအပ်ခဲ့ပြီး လူထုများဘေးကင်းလုံခြုံရေးအတွက် လိုအပ်သော အစီအစဥ်များချမှတ်သွားမည်ဟု ထုတ်ပြန်ကြေညာသည်။

ဇူလိုင် ၃၀ရက် နံနက်က ကွတ်ခိုင်မြို့ ရပ်ကွက် နှစ်ရှိ ရာစုသစ်ဟိုတယ်(၂) အနီးကို စစ်ဆကာင်စီတပ်က ဗုံးကြဲရာ အရပ်သား (၇) ဦးသေဆုံး၊ (၁၃) ဦးဒဏ်ရာရခဲ့ပြီးဒဏ်ရာရရှိသူများတွင် အသက် ၂၀အရွယ် တရုတ်နိုင်ငံသားတစ်ဦး ပါဝင်ခဲ့သည်။

သေဆုံးသူတစ်ဦးလျှင် ကျပ်(၁၆သိန်း ၊ ပြင်းထန်ဒဏ်ရာရသူ တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ ထောက်ပံ့ကြေးပေးခဲ့ပြီး ဒဏ်ရာရသူအချို့သည် အရေးပေါ်ကုသမှုခံယူနေရဆဲဟု MNDAA က ယနေ့ ဩဂုတ်လ ၂ရက် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အသေးစိတ်အသိပေးထားခြင်းမရှိသော်လည်း ဒေသခံပြည်သူလူထုဘေးကင်းလုံခြုံစေရန် လိုအပ်သော အစီအစဥ်များချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

စစ်ကောင်စီက ဇူလိုင် ၃၁ရက်တွင် ထုတ်ပြန်ခဲ့သည့် အရေးပေါ်အခြေ အနေကြေညာချက်ပါ ၆၃မြို့နယ်တွင် ကွတ်ခိုင်မြို့လည်းပါဝင်နေပြီး ဒေသခံများသည် လေကြောင်းအန္တရာယ်ကိုစိုးရိမ်နေကြသည်။

ကွတ်ခိုင်မြို့အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုသည် တရုတ်အစိုးရ၏စေ့စပ်ညှိနှိုင်းမှုများဖြင့်ခက်ခဲစွာရရှိထားသည့် အပစ်ရပ်သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေကာရှမ်းပြည်မြောက်ပိုင်း၌ တိုက်ပွဲများပြန်ဖြစ်နိုင်ခြေကို အရှိန်မြင့်လိုက်ခြင်းဖြစ်ကြောင်းMNDAAက သတင်းထုတ်ပြန် ထားသည်။

MNDAA ဘက်မှ ထိန်းသိမ်းနိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားဆဲဟုအသိပေးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်‌ရေးနှင့်အတူ တ‌အာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သိမ်းယူခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် MNDAAလည်း တပ်စွဲထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။