Connect with us

Hi, what are you looking for?

သတင်း

ပဲခူးမြို့လယ်ကဗိုလ်ချုပ်ရုပ်တုကို စစ်ကောင်စီဖယ်ရှား

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနဲ့ တောင်ငူလမ်းထောင့်မှာတည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုကို စစ်ကောင်စီကဖယ်ရှားရှင်းလင်းလိုက်ပြီလို့ ပဲခူးမြို့ခံတွေကပြောပါတယ်။

စစ်ကောင်စီက ဗိုလ်ချုပ်ရုပ်တုကိုဖျက်ဆီးဖယ်ရှားလိုက်ပြီး​နောက်သြဂုတ် ၈ ရက်မှာတွေ့ရစဥ်(ဓာတ်ပုံ- CJ)

သြဂုတ်-၈၊၂၀၂၅။အာရုဏ်ဦး/People’s Spring

ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနဲ့ တောင်ငူလမ်းထောင့်မှာတည်ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုကို စစ်ကောင်စီကဖယ်ရှားရှင်းလင်းလိုက်ပြီလို့ ပဲခူးမြို့ခံတွေကပြောပါတယ်။

သြဂုတ် ၇ ရက်နေ့ညပိုင်းက ဗိုလ်ချုပ်ရုပ်တုတည်ရှိရာ ပဲခူးမြို့လယ်ရပ်ကို စစ်ကောင်စီတပ်ကလျှပ်စစ်မီးဖြတ်တောက် အမှောင်ချပြီး ဖြိုချဖျက်ဆီးလိုက်တာလို့ မြို့ခံတွေက ပြောပါတယ်။

၂၀၁၉ ခုနှစ်က တွေ့မြင်ရတဲ့ ပဲခူးမြို့လယ်က ဗိုလ်ချုပ်ရုပ်တုပုံ(ဓာတ်ပုံ – တင်စိုး)

“ဒီမနက်ဘုရားကြီး(ရွှေမော်ဓော)ဘက်သွားလို့ဝင်ကြည့်တော့ ရုပ်တုကမရှိတော့ဘူး။အောက်ခံခုံတုန်းပဲကျန်တော့တယ်။ အဲဒီခုံတုန်းကိုလည်း မိုးကာစအမည်းကြီးနဲ့အုပ်ပြီး ရုပ်တုရှိတဲ့လမ်းထောင့်ကို တိပ်အဝါတွေနဲ့ အတားအဆီးတွေလုပ်ထားတယ်”လို့ ပဲခူးမြို့ခံတစ်ဦးက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဖျက်ဆီးဖယ်ရှားခံလိုက်ရတဲ့ဗိုလ်ချုပ်ရုပ်တုအနီးဝန်းကျင်လမ်းရဲ့တဖက်တချက်မှာလည်းစစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးချထားတာလည်း တွေ့ရတယ်လို့ အဲဒီမြို့ခံက ဆက်ပြောပါတယ်။

ဗိုလ်ချုပ်မြင်းစီးရုပ်တည်ရှိတဲ့နေရာရဲ့လမ်းတစ်ဖက်ခြမ်း တောင်ငူလမ်းမှာတော့ စစ်ကောင် စီရဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးတည်ရှိတာကြောင့် ရုပ်တုအနီးတောင်ငူလမ်းပိုင်းကို စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပိတ်ဆို့ထားခဲ့တယ်လို့ မြို့ခံတွေထံက စုံစမ်းသိရပါတယ်။

“သမိုင်းကိုဖျက်ချင်တာနေမှာ။ရုပ်တုပဲဖျက်လို့ရမယ် သမိုင်းတော့ ဖျက်လို့မရဘူး”လို့ ဗိုလ်ချုပ်ရုက်တုကို စစ်ကောင်စီဖယ်ရှားလိုက်တာနဲ့ပတ်သက်ပြီး ပဲခူးမြို့ခံအမျိုးသမီးတစ်ဦးက မှတ်ချက်ပေးပါတယ်။

စစ်ကောင်စီဖျက်ဆီးဖယ်ရှားလိုက်တဲ့ပဲခူးမြို့လယ်က ဗိုလ်ချုပ်မြင်းစီးရုပ်ကို လွတ်လပ်​ရေးရယူပေးခဲ့တဲ့ဗိုလ်ချုပ်​အောင်ဆန်းကိုဂုဏ်ပြုတဲ့အထိန်းအမှတ်တစ်ခုအနေနဲ့ စိုက်ထူထားရှိခဲ့တာနှစ်ပေါင်း ၃၀ ဝန်းကျင်ရှိပြီလို့ မြို့ခံတွေက ပြောပါတယ်။

အလားတူ စစ်ကောင်စီဟာပြီးခဲ့တဲ့ဇူလိုင်၂၈ ရက်ကလည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဗ္ဗစျေးအနီး သံလွင်လမ်းနဲ့ ဇော်ဂျီလမ်းကြားမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို စက်ယန္တရားတွေအသုံးပြု ဖယ်ရှားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။