Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ခြေကုပ်ယူဖို့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တပ်ကူအဖွဲ့တွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

တနင်္သာရီမြို့နယ် ပကဖ မှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ - ပကဖ

သြဂုတ်-၁၃၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ခြေကုပ်ယူဖို့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တပ်ကူအဖွဲ့တွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

သြဂုတ် ၁၀ ရက် မနက် ၉ နာရီခွဲလောက်က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာဘက်ကို စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်ခရိုင်အမှတ် (၂)တပ်ရင်း၊ တပ်ခွဲ(၂)၊ တပ်ခွဲ (၃)တို့ ပူးပေါင်း‌ ပြီး လမ်းကနေဖြတ်တိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် သြဂုတ် ၁၀ ရက် နေ့လယ် ၂ နာရီ ၅၀ ဝန်းကျင်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တမုတ်ချုံးရွာကနေပြန်ဆုတ်သွားပေမယ့် တပ်ကူရောက်လာတဲ့ တပ်သားတွေနဲ့ လယ်တောင်ယာရွာမှာ ပူးပေါင်းမိသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ခဲ့ရတယ်လို့ တနင်္သာရီမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အခုထိလည်း အဲဒီ စကစ စစ်ကြောင်းက တမုတ်ချုံးနဲ့ လယ်တောင်ယာမှာ ဆက်ရှိနေတယ်ဗျ။ ဒေသခံတွေကတော့ စစ်ဘေးရှောင်နေရတာပေါ့။ အားလုံး ပြည်သူ ၅၀၀ လောက်ရှိမယ်”လို့ ပကဖ တာဝန်ခံက မြေပြင်အအခြေအနေကို ရှင်းပြပါတယ်။

အဲဒီတမုတ်ချုံးရွာအနီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်တဲ့ ထိတွေ့တိုက်ပွဲဟာ သြဂုတ် ၁၀ ရက် မနက် ၉ နာရီခွဲလောက်ကနေ ညနေ ၄ လောက်အထိ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ တနင်္သာရီမြို့နယ် ပကဖက ပြောပါတယ်။ တော်လှန်ရေးတပ်တွေဘက်က ရဲဘော်နှစ်ဦးထိခိုက်၍ တစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေမှာ နှစ်ဘက်စစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်ကောင်စီတပ်သားတွေဟာလည်း တမုတ်ချုံးနဲ့ လယ်တောင်ယာရွာတွေမှာ ဆက်လက်တပ်စွဲထားတာကြောင့် ထိတွေ့တိုက်ပွဲတွေ အချိန်မရွေးထပ်ဖြစ်လာနိုင်တယ်လို့ တနင်္သာရီမြို့နယ် ပကဖက အသိပေးထားပါတယ်။

သြဂုတ် ၉ ရက်ကလည်း တနင်္သာရီမြို့နယ် သိန်းခွန်ရွာဘက်ကို ရောက်လာတဲ့ စစ်ကောင်စီတပ် ထောက်ပို့ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဗောဓိကမ်းတံတားဘက်မှအမှတ်၅၆၁ ခြေမြန်တပ်ရင်း(ခမရ ၅၆၁)ကို ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့သလိုလုံခြုံရေးယူ​ပေးတဲ့ စစ်သား​တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။