Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြုံနေတဲ့ တနင်္သာရီကို စစ်တပ်က ၂ရက်ဆက် ဗုံးကြဲ

ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းကဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ - ထားဝယ်/FB

အောက်တိုဘာ ၁၊ ၂၀၂၆။ ထားမြတ်ꩻအိမ်သွင်/People’s Spring

ရေကြီးမြေပြိုမှုတွေဖြစ်နေလို့ လူသေဆုံးမှုတွေရှိနေတဲ့ တနင်္သာရီတိုင်းကဒေသအချို့ကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီတိုင်းက ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့ကို စစ်တပ်က စက်တင်ဘာ ၃၀ရက်နဲ့ ဒီကနေ့ အောက်တိုဘာ ၁ရက်တို့မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာပါ။

ဒီကနေ့ အောက်တိုဘာ ၁ရက် ညနေပိုင်းမှာလည်း သရက်ချောင်းမြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ မွန်းလွဲ ၃နာရီ ၁၅ မိနစ်ခန့်မှာသရက်ချောင်းမြို့နယ် ဂုံညှင်းဆိပ်ရွာကို စစ်တပ်က လေယာဉ်ဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုက အသိပေးထားပါတယ်။အခု စစ်တပ် ဗုံးကြဲခဲ့တဲ့ ဒေသဟာ ရေဘေးကြုံနေရတဲ့ ဒေသ ဖြစ်တယ်လို့လည်း သူက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

” မနက်ကတည်က လေယာဉ်ပတ်နေတာ။ ညနေမှာ လာကြဲပြီး စက်သေနတ်နဲ့ပါ ပစ်တာ။ တိုက်ပွဲမဖြစ်ဘူးနော်။ တော်လှန်ရေးတပ်တွေအား ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေတာ။ စစ်ရေးဖော်ဆောင်တာဘာမှမရှိဘူး”လို့ သရက်ချောင်းမြို့ခံတစ်ဦးကပြောပါတယ်။

ရေဘေးသင့်ပြည်သူတစ်ဦးကလည်း ” ဒေသခံတွေဘေးအန္တရာယ်ရင်ဆိုင်နေရချိန်မှာ အခုလိုဗုံးကြဲတာ။ ပြောစရာစကားတောင်မရှိဘူး”လို့ ပြောပါတယ်။

KNU မြိတ်ထားဝယ်ခရိုင် ထားဝယ်မြို့နယ် ထားဝယ်အ‌ရှေ့တောဒေသရှိ ရေဝိုင်းကျေးရွာကု စစ်တပ်က စက်တင်ဘာ ၃၀ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ပြည်သူ သေဆုံးထိခိုက်မှုမရှိပေမယ့် သဘာ၀ဘေး ဒဏ်ခံစားနေရတဲ့ ပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ အသိပေးပါတယ်။

စစ်တပ်က မြိတ်လေတပ်စခန်းဌာနချုပ် ကနေ တက်လာတဲ့ K8W Jet fighterနဲ့ ဗုံးနှစ်လုံးကြဲချပြီး စက်သေနတ်နဲ့ ပစ်ခတ်သွားတာလို့ နောက်ဆက်တွဲသတင်းရရှိပါတယ်။မြေပြင်ထိခိုက်ပျက်စီးမှုတွေကိုမသိရသေးပါဘူး။

“လူသားစာနာထောက်ထားမှုမရှိတဲ့ စစ်အစိုးရ ပြည်သူတွေ ဒုက္ခရောက်နေချိန် မကူဘဲ ဒုက္ခပေးနေတာ” လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ရပ်အပေါ် မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ စစ်ကိုင်း ငလျင်ဘေးကြုံရချိန်ကလည်း ငလျင်ဘေးသင့် ဒေသတွေအပါအဝင် နိုင်ငံတဝန်း လေကြောင်းဗုံးကြဲတာတွေ ရပ်နားခြင်းမရှိဘဲ လူထုကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။

လက်ရှိမှာ တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးနဲ့‌ မြေပြိုမှု ဘေး ကြုံတွေ့နေပါတယ်။ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။

တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ရခိုင်ပြည်နယ်ထဲကကျောက်တော်ကိုအာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတယ်။ပြည်သူ ၅၀ ကျော်သေတယ်။ ရှာမရသေးတာ။ အစအနပျောက်သွားတာတွေ ရှိသေးတယ်။ပြည်သူ ၆၀ ကျော်ထိခိုက်ဒဏ်ရာရတယ်။

သတင်း

စစ်တွေတိုက်ပွဲမှာ အထိနာ​နေတဲ့စစ်တပ်ဟာ စစ်တွေနဲ့ ထိစပ်နေတဲ့ကျောက်တော်အပါအဝင် ရခိုင်ပြည်နယ်က ၆မြို့နယ်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကယ်ဆယ်ရေးကားတွေ အလံဖြူထောင်သွားလာခြင်းမပြုဖို့ တနင်္သာရီတိုင်းစစ်ဌာန မေတ္တာရပ်ခံ