Connect with us

Hi, what are you looking for?

သတင်း

BGF နဲ့ DKBA လက်တွဲဖို့ ဆုံဆည်းမြိုင်မှာ ဆွေးနွေး

ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တို့ အကြား မနေ့ ဩဂုတ်လ ၁၈ရက်နေ့က DKBA ဗဟိုဌာနချုပ် ကော်သူးမွဲခီး(ဆုံဆည်းမြိုင်)မှာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - Saw shwe wa

သြဂုတ် – ၁၉ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)တို့ အကြား မနေ့ ဩဂုတ်လ ၁၈ရက်နေ့က DKBA ဗဟိုဌာနချုပ် ကော်သူးမွဲခီး(ဆုံဆည်းမြိုင်)မှာ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ကရင်ပြည်နယ်အတွင်းက စစ်မီးတွေ တဖြည်းဖြည်းငြိမ်းသွားဖို့၊ စစ်ဘေးစစ်ဒဏ်ကြောင့်ပြည်သူတွေစစ်ဘေးရှောင်နေရပြီးအခက်အခဲတွေ ကြုံ တွေ့နေရတဲ့အခြေအနေအပေါ် အဖြေရှာဖွေကာ ရှေ့ဆက်ဘယ်လိုလုပ် ဆောင်သွားမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ DKBA ဆီကနေ သိရပါတယ်။

“ကရင်ပြည်နယ်မှာ စစ်ဘေးစစ်ဒဏ်ကြောင့် ပြည်သူတွေ စစ်ဘေးရှောင်အခက်အခဲတွေကြုံတွေ့နေရတယ် ၊ ကြုံတွေ့နေရတဲ့အခြေ အနေမှာ ကျွန်တော်တို့ DKBAတို့ ၊ BGF တို့ ကြားနေအဖွဲ့အစည်းအနေနဲ့ ဒီဥစ္စာတွေကို ဒီစစ်မီးဘယ်လို သက်သာအောင် လုပ်ရမလဲ၊ ပြည်သူတွေကို အခက် အခဲကနေ လုပ်ကိုင်စားသောက်လို့ အဆင်ပြေလာအောင် ဘယ်လိုအဖြေရှာတဲ့ ညှိနှိုင်းပွဲ အစပျိုးတဲ့သဘောပေ့ါ” လို့ DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်စောစိန်ဝင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကော်သူးမွဲခီး(ဆုံးဆည်းမြိုင်)မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ BGF ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ အမှတ်(၂)စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်း၊ အမှတ်(၄)စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောမို့သို ဦးဆောင်ဆွေးနွေးခဲ့ပြီး DKBA ဘက်မှာတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ် ကြီး စောရွှေဝ၊ ဗိုလ်ချုပ်စောဆန်းအောင်၊ ဗိုလ်မှူးချုပ်စောစိန်ဝင်း စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

DKBA နဲ့ BGF တပ်ဖွဲ့နှစ်ဖွဲ့အကြား တွေ့ဆုံဆွေးနွေးပြီးပါက နောက်ထပ် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ( KNU/KNLA PC)အဖွဲ့နဲ့လည်း မကြာခင်မှာ တွေ့ဆုံဆွေးနွေးသွားဖို့လည်း ပြုလုပ်သွားမယ်လို့ ဗိုလ်မှူးချုပ်စောစိန်ဝင်းက အသိပေးပါတယ်။

“အဓိက ကရင်ပြည်နယ် စစ်မီးတွေ တဖြည်းဖြည်းငြိမ်းသွားအောင်တော့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလည်း အကုန်လုံး ကရင့်လက်နက်ကိုင်အဖွဲ့တွေ လက်တွဲပြီးတော့ လုပ်ဆောင်သွားမယ်ဆိုလည်း အဓိကရည်မှန်းချက်ပေ့ါ ၊ ဆိုလိုတဲ့သဘောက အခုကျွန်တော်တို့က BGF နဲ့ ပထမဆုံးတွေ့ဆုံဆွေးနွေးမယ် ၊ ပြီးတဲ့အခါကျတော့ BGF ၊ DKBA နဲ့ KNLA PC ရယ် သုံးဖွဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ကျွန်တော်တို့ရဲ့အမြင်သဘောထားတွေ စုစည်းပြီးမှ ကေအဲန်ယူကို ကျွန်တော်တို့ရဲ့ သွားချင်တဲ့အခြေအနေလေးတွေ ဆွေးနွေးတင်ပြမယ်ပေါ့လေ ၊အဲ့ဒီအပေါ်မှာပဲ ကေအဲန်ယူက ဘယ်လိုမျိုး မှတ်ချက်ပြန်ပြုမလဲဆိုတာတော့ မသိဘူးပေါ့အဲ့ဒါတော့။ ကျွန်တော်တို့ရဲ့ သုံးဖွဲ့သဘောထားက ဒီလိုရှိပါတယ်” လို့ သူက ရှင်းပြထားပါတယ်။

ဒါ့အပြင်ဝေါ်လေမြို့တိုက်ပွဲကြောင့်ဒေသခံတွေဟာထိုင်းနိုင်ငံထဲနဲ့ အခြားနေရာဒေသတွေမှာ စစ်ဘေးရှောင်နေကြပြီး တိုက်ပွဲဖြစ်ပွားတဲ့ရက် ရှည် ကြာလာတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေး၊ နေထိုင်ရေး စတဲ့ အခက်အခဲတွေ ကြုံတွေ့နေတာကြောင့် ဒီအခက်အခဲတွေအပေါ် တပ်ဖွဲ့နှစ်ဖွဲ့အနေနဲ့ ဘယ်လိုစုပေါင်းဖြေရှင်းမလဲဆိုတဲ့ အချက်တွေလည်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အခုလိုတွေ့ဆုံဆွေးနွေးကြတဲ့BGFဟာစစ်တပ်ရဲ့ဖွဲ့စည်းပုံအရ လက် အောက်ခံ တပ်ဖြစ်ပြီး ၊ DKBA ကတော့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA ) ထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

DKBA ဟာ နေပြည်တော်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကိုယ်စားလှယ်စေလွှတ်တာတွေရှိပါတယ်။

BGF ကတော့ ကရင်အမျိုးသားတပ်မ တော်(KNA) ဆိုပြီး ဘက်တံဆိပ်ပြောင်းလဲအသုံးပြုတာတွေရှိနေပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီတပ်က ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်အာရှလမ်းမကြီးနဲ့ ကျုံဒိုး-နဘူးကားလမ်းတွေကို ပြန်လည်သိမ်း ပိုက်နိုင်ဖို့အတွက် ကော့ကရိတ်ထဲကို တပ်အင်အားအများအပြား ပို့ဆောင်ထားပြီး ထိုးစစ်ဆင်တာတွေ ပြုလုပ်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ် အပြင်းအထန်ဖြစ်ပွားနေပါတယ်။

တိုက်ပွဲပြင်းထန်နေမှုနဲ့အတူနယ်စပ်ဒေသမြ၀တီမြို့ကိုပို့ဆောင်တဲ့ လောင် စာဆီတွေကို စစ်ကောင်စီက ဖြတ်တောက်ပိတ်ဆို့လိုက်သလို ကုန်စည်ကူးသန်းရေးအတွက် အဓိကကျတဲ့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကိုလည်း ဩဂုတ် ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီဘက်က ပိတ်ပစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရှလမ်းမကြီးကနေ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖို့ပြင်ဆင်နေသလို မြ၀တီမြို့အခြေစိုက် ခလရ (၂၇၅)တပ်ရင်းကနေလည်း သင်္ဃန်းညီနောင်ကို ထိုးစစ်ဆင်တိုက်ခိုက်နိုင်ဖို့ ပြုလုပ်သွားဖို့ရှိတယ်လို့ ကြားသိရပြီး၊ မြ၀တီကုန်သွယ်ရေးဇုန်၊ မဲကနယ်၊ ဝှေ့ရှမ်း စတဲ့ကျေးရွာတွေက ဒေသခံတွေကိုလည်း ကြိုတင်ရှောင်ရှားကြဖို့ သတိပေးမှုတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာ နယ်စပ်မြို့ ဘုရားသုံးဆူမှာ သင်္ကြန် ကာလအတွင်း မြို့လုံခြုံရေးယူထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က စည်းကမ်းချက် ငါးချက်ထုတ်ပြန်လိုက်ပြီး မလိုက်နာရင် အပြစ်ပေးအရေးယူမယ်လို့ကြေညာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်မှာ စစ်ကောင်စီ က လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိတောင်းခံနေတယ်လို့ ခရီးသွားအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် တောင်ကြားထဲမှာရှိတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ပိုင်ဆိုင်တဲ့ကျားဖြန့် အဆောက်အဦးထဲ စစ်တပ်ရဲ့ ဒရုန်းကျမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တပ်ဖွဲ့က တိုက်ပွဲဖြစ်ပွါးနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံဒေသအနီးမှာ ရေပေါ်စျေးလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။