Connect with us

Hi, what are you looking for?

သတင်း

နောင်ပိန်ကိုစစ်တပ်ဗုံးထပ်ကြဲ၊ အရပ်သားများကို ပစ်မှတ်ထားဗုံးကြဲနေ၍ ကူညီကယ်ဆယ်ရေးအခက်ကြုံ

ကျောက်မဲမြို့နယ်၊နောင်ပိန်ရွာကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံ ဗုံးကြဲနေပြီး အရပ်သားများကိုပစ်မှတ်ထား၍ဗုံးကြဲ​နေ​သောကြောင့် ကူညီကယ်ဆယ်ရေးအခက်အခဲကြုံတွေ့နေကာ ကျေးရွာပေါင်း၂၁ ရွာမှ ဒေသခံ ၁၀၀၀၀ ကျော် ထွက်‌ပြေးတိမ်းရှောင်​နေရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

သြဂုတ်-၂၃၊၂၀၂၅။လူအေး/People’s Spring

ကျောက်မဲမြို့နယ်၊နောင်ပိန်ရွာကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံ ဗုံးကြဲနေပြီး အရပ်သားများကိုပစ်မှတ်ထား၍ဗုံးကြဲ​နေ​သောကြောင့် ကူညီကယ်ဆယ်ရေးအခက်အခဲကြုံတွေ့နေကာ ကျေးရွာပေါင်း၂၁ ရွာမှ ဒေသခံ ၁၀၀၀၀ ကျော် ထွက်‌ပြေးတိမ်းရှောင်​နေရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

နောင်ပိန်ရွာအနီးဝန်းကျင်တွင် သြဂုတ်၁၉ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းရော၊လက်နက်ကြီးပါအသုံးပြု၍​နေစဥ်ဗုံးကြဲပစ်ခတ်​နေသည်။ယနေ့(သြဂုတ်၂၃ရက်) နံနက် ၁၀နာရီခန့်တွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲခဲ့သည်။

” ဗုံးကြဲတိုက်ခိုက်မှုတွေကအရပ်သားတွေကိုပဲပစ်မှတ်ထားနေတယ်။ထိတာလည်းများတယ်။ ကူညီကယ်ဆယ်ရေးတွေကမလုံလောက်သလို လူမှုရေးအဖွဲ့တွေကိုယ်တိုင်အသက်နဲ့ရင်းပြီးလုပ်နေကြရတယ်” ဟုကျောက်မဲမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းလူမှုရေးအဖွဲ့အချို့ကလည်း လက်ရှိ အခြေအနေသည် အလွန်အန္တရာယ်များ၏ ကူညီကယ်ဆယ်ရေးနှောင့်​​နှေး​နေကြောင်းပြောသည်။

နောင်ပိန်ရွာအနီးဝန်းကျင်သို့ စစ်တပ်ကမြေပြင်စစ်ကြောင်းမထိုးခင်ဩဂုတ်လ ၁၉ရက်မတိုင်ခင်ကလည်း လေကြောင်းနှင့်လက်နက်ကြီးဖြင့်မကြာခဏ တိုက်ခိုက်ခဲ့၍အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဩဂုတ်လ၂၀ရက်နေ့တွင်စစ်အုပ်စုကလေကြောင်းမှုသည် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး နောင်ပိန်ရွာမှ ကလေးငယ်အချို့အပါအဝင် အရပ်သား၁၀ဦးထက်မနည်းသေဆုံးကာ ၄၀နီးပါးဒဏ်ရာရခဲ့သည်။

ဩဂုတ်လ ၂၁ရက်နှင့် ၂၂ရက်ကလည်း Y12လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀နီးပါးကြဲခဲ့ပြီး အရပ်သားထိခိုက်သူဦးရေတိုးလာသည်ဟု သတင်းရရှိသည်။ လက်ရှိအခြေအနေတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းအခက်အခဲများကြောင့် အရပ်သားထိခိုက်မှုစာရင်းကို အသေးစိတ်အတည်မပြုနိုင်သေးပေ။

လေကြောင်းမှ ဗုံးကြဲစဉ် ထိခိုက်သေဆုံးခဲ့သော အရပ်သားများအား TNLA တပ်ဖွဲ့ဝင်များအဖြစ် စစ်ကောင်စီဝါဒဖြန့်ချီရေး တယ်လီဂရန်နှင့် အ​ကောင့်များက သတင်းမှားဖြန့်ချီ​နေကြသည်။

ထို့အပြင် အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ရေး လူမှုကွန်ရက်မှ ဆက်လက်လှုံ့ဆော်နေသည်။ ထို့အပြင် ကျောက်မဲမြို့အထိ တိုက်ခိုက်မည်ဟု ကြုံးဝါးနေကြပြီး ဒေသခံများကိုလူမှုကွန်ရက်မှတစ်ဆင့်ခြိမ်းခြောက်နေကြသည်။

အရပ်သားပြည်သူများ တိမ်းရှောင်နေထိုင်လျက်ရှိနေသော စစ်ရှောင်စခန်းအား ဗုံးကြဲချတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုကိုကျူးလွန်ခြင်းအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး တရားမျှတမှုဖော်ဆောင်ရေးကြိုးပမ်းသွားမည်ဟု သျှမ်း‌ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

ကျောက်မဲမြို့နယ်သို့ သွားသည့်လမ်းပိုင်းမှ နောင်ပိန်တိုက်နယ်ကို သြဂုတ်လ၁၉ရက်တွင် စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNLA၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတိုက်ပွဲများကြားတိုက်ပွဲများ ယ​နေ့အထိပြင်းထန်နေသည်။

သြဂုတ် ၂၃ ရက်နေ့လယ် ၁၂ နာရီအထိ ရရှိထားသော စာရင်းများအရ နောင်ပိန်တိုက်နယ်အတွင်း နမ့်ဟူး၊ ပန်စုံ၊ပန်လော့နှင့် ကုန်းညောင်ရွာအပါအဝင် ၂၁ရွာမှ စစ်ရှောင်လူဦးရေ ၇၀၀၀ ကျော်ရှိ​နေပြီး စုစုပေါင်း ၁၀၀၀၀ကျော် စစ်ရှောင်နေကြရ​ကြောင်းလူမှုရေးအဖွဲ့များထံမှ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook