Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့် နှင့် ဝဒေသ ချိတ်ဆက်သောအဓိက တံတားတစ်စင်း အကြောင်းရင်းမသိရဘဲကျိုးကျ

MNDAA ထိန်းချုပ်ဒေသ ချင်းရွှေဟော်မြို့နှင့် ၀ (UWSA)ထိန်းချုပ်ဒေသကို အဓိကဆက်သွယ်ထားသည့် နမ့်တစ် -ညီနောင်တံတားသည်ယနေ့ (သြဂုတ် ၂၄)နံနက်အစောပိုင်းတွင်ကျိုးသွားခဲ့သည်။

တံတားကျိုးကျပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-Wa Land News ၊​ဒေသခံ

သြဂုတ်-၂၄၊၂၀၂၅။လူအေး/People’s Spring

MNDAA ထိန်းချုပ်ဒေသ ချင်းရွှေဟော်မြို့နှင့် ၀ (UWSA)ထိန်းချုပ်ဒေသကို အဓိကဆက်သွယ်ထားသည့် နမ့်တစ် -ညီနောင်တံတားသည်ယနေ့ (သြဂုတ် ၂၄)နံနက်အစောပိုင်းတွင်ကျိုးသွားခဲ့သည်။

“နမ့်တစ်ချောင်းကို ဖြတ်ပြီးကိုးကန့်နဲ့ ဝဒေသကို အဓိက ချိတ်ဆက်ထားတဲ့တံတား။ ကျိုးကျတာတော့ထူးဆန်းနေတယ်။ ကားတွေဖြတ်ချိန်ကျိုးကျတာလည်းမဟုတ်ဘူးဆိုတော့။ နောက်ပြီးတော့ လူအထိအခိုက်ရှိတယ်လို့မကြားရဘူး” ဟုရှမ်းပြည်နယ်​မြောက်ပိုင်းမှသတင်းရင်းမြစ်တဦးကပြောသည်။

အဆိုပါတံတားသည်ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်ဒေသကြီးချင်းရွှေဟော်မြို့ကိုအဓိကအချိတ်ဆက်ထားသည်။ မန္တလေး – လားရှိုး – ချင်းရွှေဟော်-လောက်ကိုင်လမ်းမှတဆင့် ဝဒေသ နှင့် ချိတ်ဆက်သော အစိတ်အပိုင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တံတားသည်ဟောင်းနွမ်းနေပြီး ကြံ့ခိုင်မှုအားနည်းကာ ကျိုးကျခြင်းဖြစ်နိုင်သည်ဟု ဟိုပန်မြို့သတင်းပြန်ကြားရေးဌာန တာဝန်ခံက ပြောကြောင်း ဒေသတွင်းသတင်းများဖော်ပြနေသည့် Wa land News က ရေးသားထားသည်။

တရုတ်အစိုးရ၏ နှစ် ၄၀ အတွင်းအကြီးမားဆုံးဖိအားများကြုံ​တွေ့​နေရ​သောကြောင့် MNDAA၊ TNLAနှင့် SSPP တို့ကို လက်နက်ထောက်ပံ့မှု ရပ်မည်ဟု UWSA က ထုတ်ပြန်ပြီး ရက်အနည်းငယ်အကြာ၌ အဆိုပါတံတားကျိုးခြင်းအပေါ် ပြည်သူများက ထင်ကြေးအမျိုးမျိုးပေးနေကြသည်။ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် တံတားအမြန်ပြန်လည်တည်ဆောက်ပေးရန်လည်း ရှမ်းမြောက်ဒေသခံများကတောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဝဒေသထဲမှာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး စာရင်းဝင်သံဖြူသတ္တုတွင်းတစ်ခု နှစ်နဲ့ချီ ရပ်နားထားရာက လုပ်ငန်း ပြန်လည်ပတ်နေကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG က​ဖော်ပြပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။