Connect with us

Hi, what are you looking for?

သတင်း

လားရှိုး – သိန္နီလမ်းပိုင်း၌ MNDAA ဆောက်သောတံတားကို စစ်ကောင်စီက သူဆောက်သလို ဝါဒဖြန့်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်းရှိ လားရှိုး -သိန္နီလမ်းပိုင်း၌ တောင်ကျရေကြောင့် ပျက်စီး၍ ကိုးကန့်တပ်မတော်( MNDAA)က ပြန်လည်တည်ဆောက်ထားသော တံတားကို စစ်တပ်က ပြန်ဆောက်ပေးခြင်းဟု စစ်ကောင်စီဝါဒဖြန့်ချိရေးသမားများက သတင်းအမှား ဖော်ပြနေကြသည်။

တံတားတည်ဆောက်နေမှုအား MNDAAက ထုတ်ပြန်ထာစဉ်။ဓာတ်ပုံ -The Kokang

ဩဂုတ်၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်းရှိ လားရှိုး -သိန္နီလမ်းပိုင်း၌ တောင်ကျရေကြောင့် ပျက်စီး၍ ကိုးကန့်တပ်မတော်( MNDAA)က ပြန်လည်တည်ဆောက်ထားသော တံတားကို စစ်တပ်က ပြန်ဆောက်ပေးခြင်းဟု စစ်ကောင်စီဝါဒဖြန့်ချိရေးသမားများက သတင်းအမှား ဖော်ပြနေကြသည်။

လားရှိုးမြို့ ပတ်လမ်းပေါ်တွင် တည်ရှိသော ယာယီတံတားတစင်းသည် တံတားခံနိုင်ဝန်အားထက် ဝန်ပိုဖြတ်သန်းသွားလာမှုများပြားခဲ့ပြီး လတ်တလော မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဩဂုတ် ၁၈ရက်ညက ကျိုးကျသွားခဲ့ရာ ယင်းနေရာအနီးတွင် တံတားအသစ်တစင်းတည်ဆောက်ခြင်းဟု MNDAA က သတင်းထုတ်ပြန်ထားသည်။

တံတားအသစ်တည်ဆောက်ရာတွင် တနေ့လျှင် တပ်သား ၃၀နီးပါးခန့် ထည့်သွင်းအသုံးပြုကာ အသြဂုတ် ၂၅ ရက်အထိ ၆ ရက်တိတိ တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူများ မကြာမီသွားလာနိုင်တော့မည်ဟု MNDAAက ဩဂုတ်၂၇ရက်တွင် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

MNDAAထုတ်ပြန်ခဲ့သည့် တံတားတည်ဆောက်ရေးမှတ်တမ်းဓာတ်ပုံကို စစ်ကောင်စီဝါဒဖြန့်ချိရေးသမားများက အသုံးပြုပြီး သတင်းအမှားဖော်ပြနေကြသည်။ MNDAA ဖျက်ဆီးသွားသည့် လားရှိုးမြို့ရှောင်တံတားကို ပြင်ဆင်ပြီးဖြစ်၍ ကားကြီး၊ကားလေးများအားလုံး ဖြတ်သန်းနိုင်ပြီဟု ဖော်ပြနေကြသည်။

“စစ်အုပ်စုက ရယ်ရတယ်။ တံတားသတင်းတောင် ‌ ဗြောင်းလိမ် ဗြောင်စားနဲ့ ငပိန်းတွေကို ဂျင်းထည့်နေတယ်” ဟု လားရှိုးမြို့ခံတဦးက ပြောသည်။

တံတားအသစ်သည် ခံနိုင်ဝန်အားနှင့် အသုံးပြုနိုင်သည့် သက်တမ်း မူလတံတားထက် သိသိသာသာ သာလွန်ကောင်းမွန်ပြီး အနာဂတ်တွင် ဒေသ၏ သွားလာရေး လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

MNDAA သိမ်းယူထားသည့် လားရှိုးမြို့ကို တရုတ်အစိုးရအကူအညီဖြင့် ပြီးခဲ့သည့် ဧပြီတွင် စစ်ကောင်စီက ပြန်ယူပြီးနောက် မြို့ပေါ်ရပ်ကွက် ၁၂ခုကို ထိန်းချုပ်ထားသည်။ ပြည်ထောင်စုလမ်းမအတိုင်းဆက်စပ်နေသည့် သိန္နီမြို့မြို့ကိုပါ ထပ်ပေးရန် တရုတ်အစိုးရအကူအညီဖြင့် ဖိအားပေးနေသည်။

MNDAA ကလည်း သိန္နီမြို့ကို အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေသည်။

လက်ရှိထိန်းချုပ်ထားသည့် လားရှိုးမြို့ကိုပင် စစ်ကောင်စီသည် အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာလည်ပတ်နိုင်ခြင်းမရှိဘဲ လုယက်မှုများ၊ပြန်ပေးဆွဲမှုများ၊ ဓားပြတိုက်မှုများ မကြာခဏဖြစ်နေသည်။ ထိုအခြေအနေများကြားမှပင် သိန္နီမြို့နှင့်ပတ်သက်သော သတင်းအမှားများကို စစ်ကောင်စီဝါဒဖြန့်ချီ ရေးသမားများက မကြာခဏဖော်ပြနေကြသည်။

ဩဂုတ်၂၄ရက်ကလည်း နောင်ချိုနှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် ဂုတ်ထိပ်တံတားအား TNLAက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီနှင့် ၎င်းတို့၏ဝါဒဖြန့်ချိရေးသမားများက သတင်းအမှားများ ဆက်တိုက်ဖော်ပြနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။