Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအားကောင်းရာဒေသတွေဆီစက်သုံးဆီပို့တယ်ဆိုပြီး လူ ၂၀၀ နီးပါးကိုထောင်ချ

မန္တလေးမြို့ကနေ လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ စစ်ကိုင်း၊ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေဆီ စက်သုံးဆီ ပို့ဆောင်တယ်ဆိုပြီး လူ ၂၀၀နီးပါးကို စစ်ကောင်စီ က အခုရက်ပိုင်းအတွင်း ထောင်ဒဏ်တွေချလိုက်တယ်လို့ သိရပါတယ်။

အခုနှစ်ဆန်းပိုင်းက စစ်ကိုင်းမြို့မှာ တရားမဝင် စက်သုံးဆီသိုလှောင်ရောင်းချတယ်ဆိုပြီး ဖမ်းဆီးခံရသူအချို့ ဓာတ်ပုံ - စစ်ကောင်စီ

သြဂုတ် – ၃၀ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ကနေ လက်နက်ကိုင်တော်လှန်မှုအားကောင်းရာ စစ်ကိုင်း၊ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေဆီ စက်သုံးဆီ ပို့ဆောင်တယ်ဆိုပြီး လူ ၂၀၀နီးပါးကို စစ်ကောင်စီ က အခုရက်ပိုင်းအတွင်း ထောင်ဒဏ်တွေချလိုက်တယ်လို့ သိရပါတယ်။

“မန္တလေးက တရားရုံးတွေမှာ အမှုစွဲတင်ပြီး ချထားတာပေါ့၊ သူတို့စပြီး ဖမ်းတယ်ဆိုတဲ့အချိန်ကနေ ဒီရက်ပိုင်းထိပေါ့”လို့ မန္တလေး ရဲတပ်ဖွဲ့အသိုင်းအဝိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

မန္တလေးမြို့ပေါ်က အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ အမရပူရနဲ့ပုသိမ်ကြီးမြို့နယ်အတွင်းက တရားရုံးတွေက ထောင်ဒဏ်ချမှတ်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

တရားရုံးအများစုကတော့ ထောင်ဒဏ်တစ်နှစ်စီချလိုက်တာပါ။

မန္တလေးကနေ လက်နက်ကိုင်တော်လှန်မှု အားကောင်းရာဒေသတွေ စက်သုံးဆီ ကိုခွင့်ပြုချက်မရဘဲ ပို့ဆောင်တယ််ဆိုပြီး ဖမ်းဆီးမှု တွေကို အခုနှစ်ဆန်းပိုင်းကစတင်ပြီး စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့တာပါ။

အဲဒီနောက်ဖမ်းဆီးခံရသူတွေကို အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့အမှုဖွင့် တရားစွဲပါတယ်။

အဲဒီပုဒ်မဟာဆိုရင်ထောင်ဒဏ်၆လကနေ ၃ နှစ်အထိချနိုင်သလို ငွေဒဏ်ကျပ် ၅ သိန်းချနိုင်တဲ့ပုဒ်မလည်း ဖြစ်ပါတယ်။

“ တစ်မြို့နယ်ကို အနည်းဆုံး လူ၅၀အထက်ရှိတယ် ထောင်ချပစ်တာ”လို့ တရားရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကလည်းတော်လှန်ရေအားကောင်းရာဒေသတွေဆီစက်သုံးဆီ စီးဆင်းတာကိုဖြတ်တောက်ဖို့နဲ့ ပို့ဆောင်နေသူတွေကို အရေးယူဖို့ လှုံ့ဆော်တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။