Connect with us

Hi, what are you looking for?

သတင်း

ဆီကားက စားသောက်ဆိုင်ကိုဝင်တိုက်မိပြီးမီးလောင် ပြည်သူ ၃ဦးသေဆုံး

မန္တလေးမြို့၊အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးက စားသောက်ဆိုင်ကို ဆီဘောက်စာကားဝင်တိုက်မိပြီးမီးလောင်တဲ့အတွက်ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။

ဆီဘောက်ဆာယာဥ်နဲ့ စားသောက်ဆိုင်အား မီး​ငြှိမ်းသတ်နေစဥ်။ ဓါတ်ပုံ-မီးသတ် ၊မဏိစလလူမှုကူညီရေး အသင်း

စက်တင်ဘာ၁၊၂၀၂၅။​နေ့သစ်/People’s Spring

မန္တလေးမြို့၊အမရပူရမြို့နယ်၊ ကျောက်စိမ်းဘုရားအနီးက စားသောက်ဆိုင်ကို ဆီဘောက်စာကားဝင်တိုက်မိပြီးမီးလောင်တဲ့အတွက်ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။

ဒီကနေ့ မနက်၆ နာရီ ၄၅မိနစ်အချိန်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆီဘောက်စာကားကစစ်ကိုင်း-မြစ်ငယ်လမ်းပေါ်က ကောင်းကောင်းနန်းတော် စားဥယျာဥ်ဆိုင်အနီးက စားသောက်ဆိုင်ကို ဆီဘောက်ဆာကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာလို့ ဒေသခံ​တွေက ပြောပါတယ်။ဝင်တိုက်မိပြီး မီးလောင်တာ​​ကြောင့် ဆိုင်အတွင်းရှိနေသူ ၃ ဦးသေဆုံးခဲ့တာလို့သိရပါတယ်။

“သေတဲ့သူတွေက ဝန်ထမ်းလား၊စားသုံးသူလားမသိရသေးဘူး။ရုပ်တွေက ခွဲမရတော့လို့။ကားသမား‌‌‌ တော့မဟုတ်ဘူး။ယာဉ်မောင်းကိုလည်းမိထားပါတယ်”လို့ လူမှုကူညီရေး အသင်းတခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ် ။

Public Service Announcement

Public Service Announcement

အခြားကူညီနေသူတဦးက “သေဆုံးသူ ၂ ဦးကတော့ စိစစ်ဆဲပါ”လို့ပြောပါတယ်။

အခင်းဖြစ်ပွားရာ နေရာကို မန္တလေးတိုင်းက မီးသတ်ယာဉ် တွေနဲ့ လူမှုကူညီရေး အသင်း တွေသွားရောက်ကူညီ ဆောင်ရွက် ပေးခဲ့တယ်လို့သိရပါတယ်။မနက်စာစားချိန် ဖြစ်ပွားတာကြောင့် ထိခိုက်မှုတွေရှိနိုင်ကြောင်း ဒေသခံများက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်ကလည်း ထုံးဘို-မြစ်ငယ်ဖြတ်လမ်းမှာ ဆီဆိုင်ခြံဝင်းတခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်မှာ ထာဝရ မီးတောက်လို့ တင်စားခံရပြီး ဘာသာရေးအရ အလေးအမြတ်ထား ခံရတဲ့ မီးလျံကို ထိန်းသိမ်းထားရှိရာ ခန်းမဆောင်ကြီး မီးလောင်မှုဖြစ်ပြီး ပြာကျသွားခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ဟင်္သာတမြို့က ပါဆယ်လမ်းမှာရှိတဲ့ ခြောက်ခန်းတွဲ မီးရထားတန်းလျား မီးလောင်မှုဖြစ်ပြီး တန်းလျားတစ်ခုလုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။