Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ချင်းပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးစိုးထက်ကို NLD ပါတီမှ ထုတ်ပယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုသည် စစ်ကောင်စီကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဟု သိရှိရ၍ ပါတီမှ ထုတ်ပယ်လိုက်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်သည်။

NLD ပါတီမှ ထုတ်ပယ်ခံရသူ ဦးစိုးထက်

စက်တင်ဘာ-၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုသည် စစ်ကောင်စီကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်မည်ဟု သိရှိရ၍ ပါတီမှ ထုတ်ပယ်လိုက်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်သည်။

အာဏာလုအဓမ္မစစ်တပ်က နိုင်ငံရေးတရားဝင်မှုရရှိစေရန်ရည်ရွယ်၍ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ကြံစည်အားထုတ်နေမှုကို အသိအမှတ်မပြုရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြားကာလဗဟိုကော်မတီအစည်းအဝေးက ထုတ်ပြန်တားမြစ်ထားသည်ကို မျက်ကွယ်ပြု၍ စစ်ကောင်စီ၏ရွေးကောက်ပွဲဝင်မည့် ဦးစိုးထက်(ခ) ဆလိုင်းမဲလုသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူ၊ ပါတီ၏ ဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသူအဖြစ် သတ်မှတ်ပြီး ပါတီမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

NLDက ယခုထုတ်ပယ်ခဲ့သည့် ဦးစိုးထက်သည် NLD အစိုးရလက်ထက်(၂၀၁၆-၂၀၂၀)က ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဦးစိုးထက်သည် စစ်တပ်တွင် နှစ်ပေါင်း ၃၀နီးပါးအကြာ ဒုတိယ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်း ၎င်း၏ ကိုယ်ရေးအကျဉ်း၌ ဖော်ပြထားသည်။

ဦးစိုးထက်သည် အာဏာသိမ်းစစ်တပ်က ဦးစီးကျင်းပမည့်ရွေးကောက်ပွဲတွင် ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC)ပါတီ ကိုဦးဆောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပါတီသည် ၂၀၂၅ မေလတွင် ပါတီတည်ထောင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ဇူလိုင်တွင်ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ မတ်လဆန်းတွင် NLD ဗဟိုအလုပ်ကော်မတီက ဗဟိုအလုပ်အမှုဆောင် ဦးဖြိုးမင်းသိန်း(ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း)နှင့် ဗဟိုကော်မတီဝင် ၃ ဦးတို့ကို ပါတီမှ ထုတ်ပယ်ခဲ့သည်။ အဆိုပါထုတ်ပယ်ခံရသူ ၄ဦးအနက် ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းသည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)သို့ ကူးပြောင်းကာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

NLD ဗဟိုအလုပ်ကော်မတီသည် ဩဂုတ် ၂၃ရက်တွင် ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင်း ပဋိပက္ခများကိုသာတိုးပွားလာစေမည့်အပြင် ဒေသတွင်း မတည်ငြိမ်မှုများကို ပိုမိုပေါ်ပေါက်လာစေမည်ဖြစ်၍ မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ဖော်ပြထားပြီး ရွေးကောက်ပွဲ ကျင်းပရေးဆိုင်ရာလုပ်ငန်းစဉ်တိုင်းကို ကန့်ကွက်တားဆီးကြရန် ဆုံးဖြတ်ထားသည်။

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့် တော်လှန်ရေးအင်အားစုများကလည်း စစ်ကောင်စီရွေးကောက်ပွဲကို လက်မခံကြောင်း အသိပေးကြေညာထားပြီး ပူးပေါင်းဆောင်ရွက်သူများကို အရေးယူမည်ဖြစ်ကြောင်းသတိပေးချက်များလည်းရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်းက ကျောင်းသူ၊ကျောင်းသားတွေဟာ AA ပညာရေးဌာနက အသစ်ပြဌာန်းထားတဲ့ ရခိုင်ဘာသာသင်ရိုးသစ်ကိုပဲ သင်ရမှာမဟုတ်ဘဲ အရင်သင်ရိုးဟောင်း မြန်မာစာကိုသင်ချင်ရင်လည်း သင်နိုင်တယ်လို့ ပညာရေးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကဩဂုတ်လ ၂၆ ရက်နေ့ညနေပိုင်းမှာ ချင်းပြည်နယ်ပလက်ဝမြို့နယ် မီးဇာရွာကို လေယာဉ်အုပ်နဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။