Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးအခြေအနေပိုဆိုးလာနေတယ်လို့ သားဖြစ်သူပြော

အာဏာသိမ်း စစ်တပ်က ဖမ်းဆီးအကျဉ်းချတာ ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ယိုယွင်းလာနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​​အောင်ဆန်းစုကြည် ။ဓါတ်ပုံ-Getty Images

■ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလျံဟုဂ်ကလည်းဒေါ်အောင်ဆန်းစုကြည်ကိုချက်ချင်းလွှတ်ပေးဖို့ စစ်တပ်ကို တောင်းဆို

စက်တင်ဘာ-၅၊၂၀၂၅။People’s Spring

အာဏာသိမ်း စစ်တပ်က ဖမ်းဆီးအကျဉ်းချတာ ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ယိုယွင်းလာနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က သတိပေး ပြောကြားခဲ့ပါတယ်။

အသက် ၈၀ အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းက စစ်တပ် အာဏာသိမ်းမှု အပြီးမှာ ကတည်းက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ကင်မ်က သူ့မိခင်ရဲ့ နှလုံးအခြေအနေက ပိုပြီး ဆိုးလာနေတယ်လို့ Independent သတင်းဌာနကို အသိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မိခင်ရဲ့ နှလုံးအခြေအနေက ပိုဆိုးတဲ့ဖက် ဦးတည်လာနေကြောင်း သတင်းကြားရတာ အရမ်း သောကရောက်ရတယ်လို့ ကင်မ်က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ အရင်ကတည်းက နှလုံးနဲ့ ပတ်သက်လို့ ကျန်းမာရေးပြဿနာ အခံတွေ ရှိနေခဲ့ပြီး လက်ရှိ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အခြေအနေမှာ ပိုဆိုးသွားမယ်ဆိုတာ သံသယမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထောင်ပြင်ပက နှလုံးအထူးကု ဆရာဝန်တွေနဲ့ သေချာပြသပြီး ကုသမှု ခံယူဖို့ လိုအပ်ကြောင်း ကင်မ်က ဆိုပါတယ်။

ပြီးတော့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝီလျံဟုဂ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အာဏာသိမ်း စစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။ လက်ရှိဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသေချာပေါက်လွှတ်ပေးရမယ့်အချိန်ဖြစ်ကြောင်း၊ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ခံယူခွင့် မပေးဘူးဆိုတဲ့ လုပ်ရပ်ကလည်း ကျင့်ဝတ်ပိုင်း အရရော၊ လူသားချင်း စာနာမှု ရှုထောင့်ကနေပါမလုပ်သင့်တဲ့ ကိစ္စဖြစ်ကြောင်း သူကပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဗြိတိန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်းသုံးယောက် ပူးပေါင်းကြေညာချက် ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး အခြေအနေ ဆိုးရွားလာနေတာကြောင့် လွှတ်ပေးသင့်ကြောင့် တောင်းဆိုခဲ့ဖူးပါ​သေးတယ်။

ကင်မ်ကတော့ အာဏာသိမ်း စစ်တပ်ကဒေါ်အောင်ဆန်းစုကြည်အပေါ်ဆက်ဆံနေပုံတွေဟာ ရက်စက်ကြမ်းကြုတ်ပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ကြောင်း ဝေဖန်ထားပြီး စစ်ကောင်စီရဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့တာတွေအပေါ် တုန်လှုပ်ပြီး စိတ်ပျက်မိတယ်လို့လည်း ပြောကြားသွားပါတယ်။

ကင်မ်ကမိခင်ဖြစ်သူလွတ်မြောက်ရေးအတွက် ဝိုင်းဝန်း ဖိအားပေး တောင်းဆိုကြဖို့လည်း နိုင်ငံတကာ အသိုက်အဝန်းကို မေတ္တာရပ်ခံသွားခဲ့ပါတယ်။

ကိုးကား-Independent

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။