Connect with us

Hi, what are you looking for?

သတင်း

ဘားအံထောင်မှာ နိုင်ကျဉ်း ၁၂ ဦးတိုက်ပိတ်ခံရပြီး တစ်ဦးသေဆုံး

ကရင်ပြည်နယ် ၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး တိုက်ပိတ်ခံရပြီးနောက် ရိုက်နှက်ခံရတာကြောင့် တစ်ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

ဘားအံအကျဉ်းထောင်ကို အပေါ်စီးကတွေ့ရပုံ ဓာတ်ပုံ - Google Map

စက်တင်ဘာ – ၈ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

ကရင်ပြည်နယ် ၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး တိုက်ပိတ်ခံရပြီးနောက် ရိုက်နှက်ခံရတာကြောင့် တစ်ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

ဖုန်းလက်ဝယ်တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ကျဉ်း ၁၂ ဦးကို ခေါ်ယူစစ်ဆေးကာပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကစတင်ပြီးသုံးလကြာတိုက်ပိတ် ပြစ်ဒဏ်ချ ထားတာလို့သိရပါတယ်။

“အဲဒီဖြစ်စဉ်ကနေ နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ပြီး ဖိနှိပ်တာ၊ညည်းပန်းနှိပ်စက်တာ၊ရိုက်နှက်တာတွေလုပ်ဆောင်နေတာ၊ ရိုက်နှက်မှုတွေကြောင့်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံးခဲ့ရပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပိတ်တယ်ဆိုတာကတော့အလင်းရောင်နဲ့ လေဝင်လေထွက်မကောင်းတဲ့အခန်းကျဉ်းထဲမှာ ကာလရှည်ကြာ ချုပ်နှောင်ထားတာပါ။

တိုက်ပိတ်ထားတဲ့အခန်းထဲထိ ထောင်အာဏာပိုင်တွေက ဝင်ရောက်ရိုက်နှက်တာကြောင့် တိုက်ပိတ်ခံရသူ ၁၂ ဦးထဲက ကိုဉာဏ်မင်းထွန်း ဆိုသူနိုင်ကျဉ်းဟာ တစ်လနီးပါးအကြာ ဇူလိုင်လ ၁၃ ရက်မှာ ဆုံးပါးသွားတယ်လို့ PPNM ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါအပြင်တိုက်ပိတ်ခံရသူ ၁၂ ဦးအနက်ကိုဝင်းအောင် ခေါ် ကိုဂျက်ကိုလည်း ဦးဆောင်သူလို့ သတ်မှတ်ပြီး နေ့စဉ်နီးပါး ရိုက်နှက်တာကြောင့် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက်တွေအပြင်စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်နေတယ်လို့ PPNM ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အခုလို နိုင်ကျဉ်းတွေ ဖိနှိပ်ခံနေရတဲ့ ဘားအံ ထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရသူ ၁၅၀ကျော် ရှိတယ်လို့ PPNM ရဲ့စာရင်းအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။