Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာလမ်းဘေးစျေးဆိုင်တွေကို စည်ပင် လစဉ်ကြေးကောက်ယူနေ

မန္တလေးမြို့မှာစျေး ရောင်းချတဲ့ လမ်းဘေးစျေးသည်တွေကို စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့လက်အောက်ခံစည်ပင်ဌာနကဆိုင်အမျိုးအစားပေါ်မူတည်ပြီး လစဉ်ကြေးအနေနဲ့ကျပ်တစ်သိန်းစတင်ကာ ကောက်ခံနေတယ်လို့ စျေးသည်တွေဆီကသိရပါတယ်။

ဓာတ်ပုံ - Google Map

စက်တင်ဘာ – ၁၁ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့မှာစျေး ရောင်းချတဲ့ လမ်းဘေးစျေးသည်တွေကို စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့လက်အောက်ခံစည်ပင်ဌာနကဆိုင်အမျိုးအစားပေါ်မူတည်ပြီး လစဉ်ကြေးအနေနဲ့ကျပ်တစ်သိန်းစတင်ကာ ကောက်ခံနေတယ်လို့ စျေးသည်တွေဆီကသိရပါတယ်။

နေ့စဉ်စျေးကောက်မျိုးကောက်ခံတာမဟုတ်ဘဲ လစဉ်ကြေးပုံစံ ကောက်ခံလာတာလို့ စျေးသည်တွေက ဆိုပါတယ်။

ဒီလိုကောက်ခံရာမှာဆိုင်ခန်းနဲ့ ရောင်းချတဲ့စျေးဆိုင်တွေ ၊ လမ်းဘေး ဆိုင်ခင်းပြီးရောင်းသူတွေလည်းပါဝင်ပြီး တစ်လကိုအနည်းဆုံးကျပ်တစ်သိန်းက စတင်ပေးရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ရောင်းရတဲ့ဆိုင်ဆို ပေးရတာအကြောင်းမဟုတ်ဘူး ၊အခုက ဆိုင်တွေအကုန်ပေးရတယ် ၊ဆိုင်ကြီးရင် ပေးရတဲ့ပိုက်ဆံ ပိုများတယ်”လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

ဆိုင်အတွက် ထီးမိုးတာ၊ နေရာဆိုင်ခင်းချဲ့ခင်းတာတွေဆိုရင် ကျပ် သုံးသောင်းကနေ ကျပ် ငါးသောင်းအထိ ထပ်ဆောင်းပေးရတယ်လို့ ဆ်ိုပါတယ်။

ဒီလို ငွေကြေးကောက်ခံတာကို စည်ပင်က ငွေသွင်းချလံ နဲ့ ကောက်ခံတာမဟုတ်တဲ့အပြင် တိကျတဲ့သတ်မှတ်နှုန်းထားမျိုးမရှိဘူးလို့ စျေးသည်တွေက အသိပေးပါတယ်။

အချို့နေရာတွေမှာဆိုရင် တစ်လတစ်ခါ ငွေကောက်ခံတာအပြင် နေ့စဉ် စျေးကောက်ကိုလည်း ပေးနေရတယ်လို့ စျေးသည်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းကစတင်ပြီး မန္တလေးမြို့က ရပ်ကွက်၊လမ်းဘေးနေရာတွေမှာ ကျူးကျော်ထားတဲ့အဆောက်အအုံတွေ၊စျေးဆိုင်တွေကို စည်ပင်က ဖယ်ရှားရှင်းလင်းပြီးနောက် အခုလို ငွေကြေးကောက်ခံလာတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။