Connect with us

Hi, what are you looking for?

သတင်း

မကွေးနဲ့နေပြည်တော်အစပ်က ရွှေပန်းရဲစခန်းနဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို PDF ​တွေတိုက်ခိုက်သိမ်းပိုက်

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

(စစ်တပ်ထံမှ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ။ ဓါတ်ပုံ-​​နေပြည်​တော်တိုင်းစစ်ဌာန)

ဇူလိုင်-၂၅၊၂၀၂၆။ဇော်ဝင်း/People’s Spring

မကွေးတိုင်းနဲ့နေပြည်တော်အစပ်က ရဲစခန်းနဲ့ စစ်တပ်ဂိတ်စခန်းကို ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ဗိုလ်မှူး အပါအ၀င် ကိုးဦးသေဆုံးပြီး လက်နက် ခြောက်လက် ရရှိခဲ့တယ်လို့နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၅ ရက်​နေ့ မနက် ၃ နာရီ၀န်းကျင်က မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော်လမ်းပိုင်းပေါ် ရွှေပန်းရဲစခန်းနဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ နေပြည်တော်တိုင်းစစ်ဌာနက တပ်ရင်းအမှတ် (၉၀၃)နဲ့ (၈၀၃)တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ဖော်ပြပါတယ်။

“ရွှေပန်းစခန်းက နေပြည်တော်နဲ့နီးတဲ့နေရာဖြစ်ပြီးသူတို့ရဲ့ကာကွယ်ရေးစနစ်အရအပြင်စည်းကတပ်စခန်းနေရာလည်းဖြစ်တယ်။

Public Service Announcement

Public Service Announcement

(စစ်တပ်ထံမှ သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ နဲ့ PDF ​တွေ။ ဓါတ်ပုံ-​​နေပြည်​တော်တိုင်းစစ်ဌာန)

ကျွန်​တော်တို့တပ်တွေအနေနဲ့ နေပြည်တော်ရဲ့အပြင်စည်းစခန်းတွေကို စပြီးထိုးဖောက်နေနိုင်ပြီမကြာခင်အတွင်းစည်းဖောက်နိုင်ပါလိမ့်မယ်”လို့ နေပြည်တော်တိုင်းစစ်ဌာန တာ၀န်ခံ ဗိုလ်လကျာ်က ပြောပါတယ်။

အဲဒီရဲစခန်း နဲ့ ဂိတ်မှာအင်အား ၃၀ ၀န်းကျင်ရှိပြီး စစ်သား နဲ့ရဲတွေ ပူးပေါင်းထားကာ ဗိုလ်မှူးအဆင့်ကွပ်ကဲတာလို့ အသိပေးပါတယ်။

တိုက်ခိုက်မှုမှာဗိုလ်မှူးအဆင့်အပါအဝင်၉ဦး သေဆုံးသွားပြီး တခြားသူတွေ ဒဏ်ရာတွေနဲ့ဆုတ်ခွာထွက်ပြေး သွားကြတာကြောင့် မနက် (၃)နာရီ (၄၅) မိနစ်အချိန်မှာ စခန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူတွေထဲမှာဒေသခံပြည်သူတွေ အပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးလည်းပါဝင်တယ်လို့ NPT PDF ကဆိုပါတယ်။

တိုက်ခိုက်မှုအပြီးရွှေပန်းရဲစခန်း နဲ့ စစ်တပ်စစ်ဆေးရေးဂိတ်စခန်းတွေကို မီးရှို့ဖျက်စီးခဲ့ပြီး စခန်းသိမ်းတိုက်ပွဲမှ MA 1 – ၃ လက်၊ MA 2(စက်ကလေး) – ၁ လက်၊ G 3 – ၁ လက်၊ ၄၀ မမ ပြောင်း -၁ ပြောင်း၊ ကျည်ဘောက်မျိုးစုံ -၁၀ ဘောက်၊ (၁၄)မိုင်း – ၆ လုံး၊ ၄၀ မမ အသီး ၉ လုံး၊ လက်ပစ်ဗုံး – ၉ လုံး၊ ရှေ့ထွက်မိုင်း – ၁ လုံး၊ ကျည်မျိုးစုံ – ၂၀၀ ခန့်၊ ဖုန်း – ၂ လုံးနဲ့ ငွေသားကျပ် (၃၅) သိန်း၀န်းကျင် သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် သိမ်းဆည်းရမိတဲ့ပစ္စည်းတွေမှာ ဟောင်ဝစ်ဇာအမြောက်တစ်လက်ပါဝင်ပေမယ့် သယ်ယူဖို့ အခက်အခဲရှိတာကြောင့် ဖျက်ဆီးခဲ့ရတယ်လို့ ​ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာတော်လှန်ရေးရဲဘော်တွေ အထိအခိုက် လုံးဝမရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မကွေး-ကန်ပြားလမ်းပိုင်းဟာ မကွေးတိုင် မကွေးမြို့နယ်နဲ့ မြို့သစ်မြို့နယ်တို့မှတဆင့် နေပြည်တော်ဘက်ကို ချိတ်ဆက်ဖောက်လုပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း မကွေးတိုင်းနဲ့ ပဲခူးတိုင်း မြို့နယ် ၅ခုက စစ်ဆင်ရေးတွေမှာစစ်တပ်ဘက်က ၄၀ ကျော်သေပြီး လက်နက် ၁၈လက်ရတယ်လို့ နေပြည်တော် PDF က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။