Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ကျေးရွာဘက်တွေထိ ယာဉ်စစ်ဆေးပြီးငွေညှစ်နေ

မန္တလေးမြို့ပြင်က ကျေးရွာတွေမှာ ​ယာဉ်ထိန်းအပါအဝင် အဖွဲ့စုံက ကား၊ဆိုင်ကယ်တွေကို စစ်ဆေးပြီး ယာဉ်လိုင်စင်မပါရင် ဖမ်းဆီးပြီး ဒဏ်ငွေဆောင်ခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက မန္တလေး ၊ချမ်းအေးသာစံမြို့နယ်မှာ ယာဉ်စစ်ဆေးနေတဲ့မြင်ကွင်း(ပုံဟောင်း) ဓာတ်ပုံ - MOI

စက်တင်ဘာ – ၂၅ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ပြင်က ကျေးရွာတွေမှာ ​ယာဉ်ထိန်းအပါအဝင် အဖွဲ့စုံက ကား၊ဆိုင်ကယ်တွေကို စစ်ဆေးပြီး ယာဉ်လိုင်စင်မပါရင် ဖမ်းဆီးပြီး ဒဏ်ငွေဆောင်ခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ကျေးရွာအများအပြားရှိတဲ့ ပုသိမ်ကြီးနဲ့အမရပူရမြို့နယ် တွေမှာ ရွာလယ်လမ်းမကြီးတွေ ၊ မြို့နယ်ချင်းဆက်လမ်းတွေမှာ ရှောင်တခင် စစ်ဆေးတာတွေ ပြုလုပ်နေတာပါ။

“ရွာတွေဘက်ကတော့ ဦးထုပ်မဆောင်း၊ လိုင်စင်မပါပဲမောင်းနေကြတာပေါ့၊ သူတို့က ရွာတွေဘက်ထိဆင်းဖမ်းတော့ အကုန်ဒုက္ခများကုန်တာ”လို့ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာနေ ရွာခံ အမျိုးသားကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဲလိုစစ်ဆေးရာမှာယာဉ်ထိန်း၊ရဲ၊အုပ်ချုပ်ရေးနဲ့ရပ်ကျေးလုံခြုံရေး(အပြာဝတ်)တွေ ပါ ပါဝင်ကြတယ်လို့သိရပါတယ်။

အဲဒီလိုကျေးရွာဘက်တွေဘက်ထိစစ်ဆေးလာတာကြောင့်သာမာန်လက်လုပ်လက်စားတွေ ၊ နေ့စားလယ်လုပ်ကိုင်သူတွေနဲ့ တောင်သူ အချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

“ တစ်နေကုန်လုပ်ခမှ တစ်သောင်းမကျော်တာ သုံးသောင်းဆောင်ရမယ်ဆိုလို့ အိမ်ကို ပိုက်ဆံလှမ်းတောင်းရတယ်”ပုသိမ်ကြီးမြို့နယ်၊ သလဲကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဆိုင်ကယ်ဦးထုပ်မဆောင်းသူတွေနဲ့ ကုန်တင်လာတဲ့ ကားတွေကို အဓိကတားစစ်ဆေးတာလို့ ဆိုပါတယ်။

မန္တလေးမှာ စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးကတည်းက အဖွဲ့စုံပါတဲ့ ယာဉ်စစ်ဆေးရေးအဖွဲ့တွေဟာ စစ်ဆေးမှု အတန်ကြာရပ်နားခဲ့ရာကနေ ပြန်လည်စတင်လာတာက နှစ်လနီးပါးရှိနေပါပြီ။

ငလျင်ကြောင့် လူမှု ၊စီးပွားဘဝတွေ ထိခိုက်နစ်နာဆုံးရှုံးရတဲ့ မန္တလေးမြို့က ပြည်သူတွေအတွက် ယာဉ်တွေစစ်ဆေးပြီးငွေ တောင်းရမ်းနေတဲ့အပေါ် စိတ်အနှောက်အယှက်ဖြစ်ရတယ်လို့မြို့ခံအချို့က ပြောပြပါတယ်။

ဒါအပြင် မြို့ဝင် မြို့ထွက် နဲ့မြို့နယ်ချင်းဆက် စစ်ဆေးရေးဂိတ်တွေမှာလည်း ပျူစောထီးတွေက လူငယ်တွေကိုပစ်မှတ်ထားစစ်ဆေးပြီး ငွေညှစ်တာတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။