Connect with us

Hi, what are you looking for?

သတင်း

မိုင်းလုံနယ် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ ပန်သပြေရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ ပန်သပြေရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

စက်တင်ဘာ-၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ ပန်သပြေရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၇ရက် ညနေပိုင်းမှာ အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ပန်သပြေရွာရှိ ပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်မှုရှိမရှိ အခြေအနေကိုတော့ ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ကျောက်မဲမြို့နယ် ပါပုတ်ရွာကိုလည်း စက်တင်ဘာ ၂၆ရက်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အသက် ၆၀ကျော်အရွယ် အမျိုးသားတဦး သေဆုံးခဲ့သလို နေအိမ်ပျက်စီးခဲ့ပါတယ်။

ပါပုတ်ရွာမှာတိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်လာတာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်မြိုနယ်တွေကို အခု စက်တင်ဘာလအတွင်း လေကြောင်း၊ လက်နက်ကြီး၊ အသေခံဒရုန်းတွေ အသုံးပြု တိုက်ခိုက်ခဲ့လို့ အမျိုးသား (၂)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၁)ဦး၊ အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက အသိပေးထားပါတယ်။

ဒါအပြင် နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူလူထုပိုင်ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ TNLAက ထပ်မံ နှိုးဆော်ထားပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်း များ လိုက်နာဆောင်ရွက်ဖို့ သတိပေးထားပါတယ်။

ကျောက်မဲမြို့နယ်မှာ TNLAနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေပေမယ့် အခု လေကြောင်း တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့နေရာတွေဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျောက်မဲမြို့ကို အင်အား ၅၀၀လောက်နဲ့ စစ်ကြောင်းထိုးနေလို့ ကျောက်မဲမြို့နယ် နားခမ်းနဲ့ စခန်းသာရွာတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။