Connect with us

Hi, what are you looking for?

သတင်း

ဆီမီးထွန်းနေချိန် ဗုံးကြဲခံရမှုမှာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုကရဲဘော် ၂ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာသီတင်းကျွတ်လပြည့်ညမှာ ဆီမီးထွန်းနေချိန် စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ရဲဘော်ချမ်းငြိမ်းအောင် နဲ့ ရဲဘော်ညီညီဇော်တို့ ကျဆုံးခဲ့ပါတယ်။

ကျဆုံးခဲ့ရသည့် ရဲဘော်ချမ်းငြိမ်းအောင်နှင့် ရဲ​ဘော်ညီညီဇော်အားတွေ့ရစဥ် ဓာတ်ပုံ-လူမှုကွန်ရက်

အောက်တိုဘာ-၇၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာသီတင်းကျွတ်လပြည့်ညမှာ ဆီမီးထွန်းနေချိန် စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ရဲဘော်ချမ်းငြိမ်းအောင် နဲ့ ရဲဘော်ညီညီဇော်တို့ ကျဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက လူထုတိုက်ပွဲ မြှင့်တင်ရေးကော်မတီမှ ရဲဘော်ချမ်းငြိမ်းအောင်၊ ဘဏ္ဍာရေးကော်မတီမှ ရဲဘော်ညီညီဇော်တို့ဟာအောက်တိုဘာ ၆ ရက် ည ၇ နာရီမှာ ကျဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

၎င်းတို့ ၂ ဦးဟာမုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီမှာလည်း ပါဝင်ခဲ့ပြီး ချောင်းဦးနဲ့ မုံရွာအစပ်က တနေရာမှာ ပြည်သူတွေနဲ့အတူ ဆီမီးထွန်းနေချိန် စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲဘော် ချမ်းငြိမ်းအောင်နဲ့ ရဲဘော်ညီညီဇော်တို့ဟာ ပြည်သူလူထု အကျိုးအတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှုများကို အစဥ်တစိုက်လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေအဖြစ်လည်းကောင်း၊ နွေဦးတော်လှန်ရေးမှာ ပေးအပ်တဲ့ လုပ်ငန်း တာဝန်များကိုတာဝန်ကျေပွန်စွာအစဥ်တစိုက်လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေအဖြစ်လည်းကောင်း နွေဦးတော်လှန်ရေး သူရဲကောင်းတွေအဖြစ် ဂုဏ်ယူစွာ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက အသိပေးပါတယ်။

သူတို့နှစ်ဦး ယုံကြည်ကြိုးပမ်းတိုက်ပွဲဝင်ခဲ့တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အသစ်တရပ် တည်ဆောက်နိုင်ရေးအတွက် သပိတ်အင်အားစုက ရဲဘော်တွေဟာ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ချီတက်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထပ်မံအသိပေးပါတယ်။

ကျဆုံးသူတွေထဲမှာ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေလည်း ပါဝင်ခဲ့ပါတယ်။​အောက်တိုဘာ၇ ရက် ညဦးပိုင်းရတဲ့သတင်းအရ ​ပြည်သူ ၂၄ ဦး​သေဆုံးပြီး​တော့ ၄၀ ကျော် ဒဏ်ရာရတယ်လို့အမျိုးသားညီညွတ်​ရေးအစိုးရမှ တာဝန်ရှိသူ တဦးက​ပြောပါတယ် ။ ​သေဆုံးဒဏ်ရာရသူဟာ ဒီထက်လည်း ပိုများနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ထိခိုက်သူတွေကိုလည်း ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေပြီးဆေးဝါး ​၊သွေးနဲ့အခြားအကူအညီတွေလည်း လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေလို့ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်က ​ကျေးရွာသုံးရွာ ကို စစ်တပ်က တိုက်​လေယာဥ်သုံးစီးနဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲခဲ့တာ​ကြောင့် ကနဦးသတင်း​တွေအရ ပြည်သူ ၁၃ ဦး​ကထိခိုက်ဒဏ်ရာ ရတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြိုနယ်၊ မန်ကျည်းကုန်းတောင်ရွာကို စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလာကြဲလို့ အရပ်သား သေဆုံးမှု ရှိသလို ဗုံးကြဲပြီးအပြန် မှာ ဗုံးလာကြဲတဲ့ ဂျိုင်ရိုကော်ပတာ တစီးပျက်ကျလို့ စစ်ကောင်စီတပ်သား ၂ဦးလည်း သေဆုံးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်စခန်း ၄ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း KIAသတင်းပြန်ကြားရေးဌာနက နိုဝင်ဘာ ၁ရက်မှာ သတင်းဖော်ပြပါတယ်။