အောက်တိုဘာ-၇၊၂၀၂၅။People’s Spring
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပနေစဥ်စစ်ကောင်စီတပ်က ပါရာမော်တာနဲ့ ဗုံးကြဲချခဲ့တာကြောင့်ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ကဖော်ပြပါတယ်။
အောက်တိုဘာ ၆ ရက်ည ၇ နာရီကျော်နဲ့ည ၁၁ နာရီကျော် အချိန်တွေမှာ စစ်တပ်လေထီး ၂ စီးဟာ နမခ စစ်တပ်ကနေ ပျံသန်းလာပြီး ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ ပထမအကြိမ် ဗုံးသီးနှစ်လုံး ကြဲချပြီးလို့ သေဆုံးဒဏ်ရာရရှိသူတွေကို ကူညီဆောင်ရွက်နေချိန် ည ၁၁ နာရီမှာ ထပ်မံလာရောက်ပြီး ဗုံးသီး ၂ လုံး ထပ်ကြဲချခဲ့တယ်လို့ရုပ်သံမှတ်တမ်းနဲ့ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုံတိုရွာဒေသခံတွေဟာ ညတွင်းချင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

Public Service Announcement
https://www.facebook.com/reel/692408090511604
ရုပ်သံ – GSCB
















































