Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦး၊ ဘုံတိုရွာမှာ ဘာဖြစ်ခဲ့လဲ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပ​နေစဥ်စစ်ကောင်စီတပ်က ပါရာမော်တာနဲ့ ဗုံးကြဲချခဲ့တာ​ကြောင့်ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အ​ထွေ​ထွေသပိတ်ပေါင်းစပ်ညှိနှိုင်း​ရေးအင်အားစု(GSCB)က​ဖော်ပြပါတယ်။

စစ်တပ်ဗုံးကြဲတာ​ကြောင့် ပြည်သူအစုလိုက် အပြုံလိုက်​သေခဲ့တဲ့ ဆီးမီးထွန်းပွဲမှ ကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက် ။ ဓါတ်ပုံ-​ဒေသခံ

​အောက်တိုဘာ-၇၊၂၀၂၅။People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ညောင်ပင်သာအုပ်စု၊ ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပ​နေစဥ်စစ်ကောင်စီတပ်က ပါရာမော်တာနဲ့ ဗုံးကြဲချခဲ့တာ​ကြောင့်ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အ​ထွေ​ထွေသပိတ်ပေါင်းစပ်ညှိနှိုင်း​ရေးအင်အားစု(GSCB)က​ဖော်ပြပါတယ်။

အောက်တိုဘာ ၆ ရက်ည ၇ နာရီကျော်နဲ့ည ၁၁ နာရီကျော် အချိန်တွေမှာ စစ်တပ်လေထီး ၂ စီးဟာ နမခ စစ်တပ်ကနေ ပျံသန်းလာပြီး ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ ပထမအကြိမ် ဗုံးသီးနှစ်လုံး ကြဲချပြီးလို့ သေဆုံးဒဏ်ရာရရှိသူတွေကို ကူညီဆောင်ရွက်နေချိန် ည ၁၁ နာရီမှာ ထပ်မံလာရောက်ပြီး ဗုံးသီး ၂ လုံး ထပ်ကြဲချခဲ့တယ်လို့​ရုပ်သံမှတ်တမ်းနဲ့ဖော်ပြထားပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုံတိုရွာဒေသခံတွေဟာ ညတွင်းချင်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/reel/692408090511604

ရုပ်သံ – GSCB

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။