Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်တိုက်ပွဲ ပြင်းထန်နေ၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၀၀ခန့်သေတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သာအချို့ အလင်းဝင်လာ

လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အလင်းဝင်လာသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကျားသစ်နက်စစ်ကြောင်း

အောက်တိုဘာ-၈၊ ၂၀၂၅ / People’s Spring

ကရင်ပြည်နယ် ၊မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၀၀ခန့် သေဆုံးပြီး အလင်းဝင်လာသူများရှိနေတယ်လို့ ကျားသစ်နက်စစ်ကြောင်း ထုတ်ပြန်ပါတယ်။

လေးကေ့ကော်မြို့သစ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) /KNLA ၊ ဗျူဟာအမှတ် (၃၂) ကျားသစ်နက်စစ်​ကြောင်း ၊ ​ကော်ဘရာစစ်​ကြောင်း ၊ ဗွီနွန်စစ်​ကြောင်း ၊ Justice Solider စစ်​ကြောင်း မဟာမိတ်ပူး​ပေါင်းစစ်​ကြောင်းတွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ နေ့စဉ် တိုက်ပွဲပြင်းထန်နေတယ်လို့ ကျားသစ်နက်စစ်ကြောင်းက အသိပေးပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို အဓမ္မခေါ်ယူစုဆောင်းတာတွေ၊ အတင်းကြပ်ပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်တွေနဲ့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တပ်ရင်းအချို့ပါ စစ်ကောင်စီတပ်ကို ကူတိုက်ပေးနေပြီး လေးကေ့ကော်မြို့သစ်ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီရဲ့ ပူးပေါင်းစစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က သေဆုံးသူ ၁၀၀ခန့်ရှိတယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။ သေဆုံးတဲ့ ၁၀၀ခန့်မှာ ပြည်သူ့စစ်တပ်သားသစ်တွေက အများဆုံးပါတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လေးကော့ကော်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ကနေ အလင်းဝင်လာတဲ့ သူတွေလည်းအများအပြားရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အရေအတွက်အတိအကျကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

အဲဒီလို အလင်းဝင်လာတဲ့သူတွေကိုလည်း ကြိုဆိုနေတယ်လို့ ကျားသစ်နက်စစ်ကြောင်းက ဆိုပါတယ်။

KNUတပ်မဟာ ၆ ထိန်းချုပ်ထားတဲ့ လေးကေကော်မြို့သစ်ကို စက်တင်ဘာလ ၂၁ ရက်ကစတင်ပြီး ကရင့်နယ်ခြားစောင့်တပ် (BGF)အကူအညီနဲ့ စစ်ကောင်စီတပ်က ဒရုန်း ၊ လက်နက်ကြီးပစ်ကူယူကာမြေပြင်စစ်ကြောင်း​တွေထိုးခဲ့တာပါ။

အဲဒီနောက် အောက်တိုဘာ ၅ရက်မှာတော့ လေးကေ့ကော်မြို့သစ်ရဲ့ နေရာတချို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။