Connect with us

Hi, what are you looking for?

သတင်း

ဘားအံ မှာ လက်နက်ကြီးကျပြီးကလေးနှစ်ဦးအပါအဝင်သုံးဦးသေဆုံး

ကရင်ပြည်​နယ် ၊ ဘားအံမြို့နယ် ၊ ဖားဘော်ရွာလေး မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည်ကျ လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးသလို ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဒူးသထူ(သထုံ ခရိုင်) က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ – ၂၃ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်​နယ် ၊ ဘားအံမြို့နယ် ၊ ဖားဘော်ရွာလေး မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျည်ကျ လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သား သုံးဦး သေဆုံးသလို ၂၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဒူးသထူ(သထုံ ခရိုင်) က သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ(၁) နယ်မြေဖြစ်တဲ့ ဖားဘော်ရွာလေးကိုအောက်တိုဘာလ ၂၀ ရက် ညနေပိုင်း ၅ နာရီကျော်အချိန်က ၁၂၀ မမ လက်နက်ကြီးကျည် သုံးလုံး ကျရောက်တာလို့ KNU ကဆိုပါတယ်။

ပစ်ခတ်မှုကိုတော့ ဖာပွန်ခရိုင် ၊ ကမမောင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ KNU ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ရွာထဲလက်နက်ကြီးကျည်ကျရောက်တာကြောင့်အသက် ၆ နှစ် နဲ့ အသက် ၁၂ နှစ် မိန်းကလေး နှစ်ဦး ၊ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်းသုံးဦး သေဆုံးခဲ့သလို ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကမမောင်းမြို့ကနေတဆင့် တောင်ကလေးစစ်ဆေးရုံဆီ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်ထံမှ သိရပါတယ်။

ဖားဘော်ရွာလေးဟာ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရဲ့ အနောက်ဘက်မှာတည်ရှိတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ် အတွက် ဝါဒဖြန့်ပေးနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ဖားဘော်ရွာလေးကို KNU က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားတွေ ထိခိုက်သေဆုံးရတာလို့ ရေးသားဖြန့်ဝေထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကရင်ပြည်နယ်၊ကျုံဒိုးမြိုနယ်ထဲကကျေးရွာတွေကိုအာဏာသိမ်းစစ်တပ်ကလက်နက်ကြီးနဲ့ ပြီးခဲ့တဲ့လပိုင်းကပစ်ခတ်တာကြောင့်ဒေသခံသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးပြီး လူငယ်တစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး( KNU ) ကအောက်တိုဘာလ ၂ ရက်မှာသတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်လို့ ကလေးငယ် ၁ဦး သေဆုံးကာ အရပ်သားအချို့ ဒဏ်ရာရခဲ့ပါတယ်။

Trending

Facebook