Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်‌‌တွေ တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့ကနေ နွားထိုးကြီးမြို့ဘက်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လက်နက်တွေလည်း သိမ်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၇)၊ ZERO ပြောက်ကျား တပ်ဖွဲ့ဦးဆောင်သူ ကိုသက်ကြီးက ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - ကို သက် ကြီး

အောက်တိုဘာ-၂၃၊၂၀၂၅။သတိုး/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့ကနေ နွားထိုးကြီးမြို့ဘက်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လက်နက်တွေလည်း သိမ်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း(၇)၊ ZERO ပြောက်ကျား တပ်ဖွဲ့ဦးဆောင်သူ ကိုသက်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ရက် မနက်မှာ မြင်းခြံခရိုင် တပ်ရင်း(၇) Zeroပြောက်ကျားတပ်ဖွဲ့ နဲ့ မြင်းခြံခရိုင် တပ်ရင်း(၈) ရဲဘော်တွေက စစ်ကောင်စီတပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးတာတွေ့ခဲ့ရတယ်လို့ ကိုသက်ကြီးက ပြောပါတယ်။

အခြားဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားပြီး MA1(၁) လက်၊MA3 (၁) လက်နဲ့ G3 (၁) လက် သိမ်းဆည်းနိုင်ခဲ့ကာ ကျန်ခဲ့တဲ့ ဂျန်မာကားကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကိုသက်ကြီးကပြောပါတယ်။

Public Service Announcement

Public Service Announcement

“နှစ်ဖက်မှာ နီးနီးလေးကြားထဲမှာ မစ်ရှင်ကခဲ့ရတာ ။ ဟိုဘက်ဒီဘက်ခွေးက နီးနီးလေးရယ်။ အဲဒါကြောင့် ဘယ်လိုမှမယူနိုင်ခဲ့တာ” လို့ ကိုသက်ကြီးက ပြောပါတယ်။

တပ်ရင်းက ရဲဘော်တွေအနေနဲ့ စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး နိုဝင်ဘာလထဲမှာတော့ လက်တံဆိုတဲ့ ကမ်ပိန်းပြုလုပ်ဖို့ရှိတယ်လို့ ကိုသက်ကြီးက ပြောပါတယ်။

” မဖော်ပြတဲ့ တိုက်ပွဲတွေ များသော်ညားလည်းတောက်လျှောက်အလုပ်တွေ လုပ်‌နေရတာရှိ တယ်။ ကလေးတွေလည်း မနားရဘူး။နောက်လမှာလက်တံဆိုတဲ့ ကမ်ပိန်းလေးတစ်ခုလုပ်ဖို့ရှိပါတယ်။ အဲဒီ့ လက်တံ ကမ်ပိန်းလေးမှာလည်း တတ်အားသရွေ့ပါဝင်ကြဖို့ ရှေ့ဆက် တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ အောင်ပွဲတွေရယူဖို့ ပါဝင်ပေးကြပါလို့ အကူအညီတောင်းခံချင်တာလေးရှိပါတယ်။” လို့ ကိုသက်ကြီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။