Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုကြောင့် ရုရှားရေနံ ဝယ်ယူမှုတွေကို တရုတ်ဆိုင်းငံ့

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရတဲ့ ရုရှား ကုမ္ပဏီတွေဆီက ရေနံ ဝယ်ယူမှုတွေကို တရုတ် အစိုးရပိုင် ရေနံလုပ်ငန်းတွေက ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရတဲ့ ရုရှား ကုမ္ပဏီတွေဆီက ရေနံ ဝယ်ယူမှုတွေကို တရုတ် အစိုးရပိုင် ရေနံလုပ်ငန်းတွေက ရပ်ဆိုင်းထားလိုက်ကြောင်း သိရပါတယ်။

အခုသီတင်းပတ်ထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားရဲ့ အကြီးဆုံး ရေနံကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Rosneftနဲ့ Lukoilတို့ကို စီးပွားရေး ပိတ်ဆို့ အရေးယူကြောင်း အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တရုတ် ကုမ္ပဏီတွေက ရုရှားရေနံတွေကို ပင်လယ်ရေကြောင်းကနေ တင်ပို့မှုတွေကို ဆိုင်းငံ့လိုက်တာလို့ ဆိုပါတယ်။ ရုရှားဆီက အဓိက ရေနံဝယ်လက် နိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယကလည်း အမေရိကန်ရဲ့ အဲဒီ ပိတ်ဆို့ အရေးယူမှုကြောင့် ရုရှားရေနံတွေကို ပင်လယ်ရေလမ်းကြောင်းကနေ တင်သွင်းနေတဲ့ ပမာဏကို သိသိသာသာ လျှော့ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ထရမ့်က ယူကရိန်းစစ်ပွဲ ရပ်စဲရေးအတွက် ရုရှားအစိုးရရဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေမှုတွေကို ဖိအားပေးဖို့ အခုလို အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ်ခဲ့တာ ဖြစ်ကြောင်း၊ စစ်ပွဲရပ်သွားရင် အဲဒိ ပိတ်ဆို့မှုတွေလည်း အမြန်ဆုံး ပျက်ပြယ်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် အစိုးရပိုင် ရေနံလုပ်ငန်းတွေ ဖြစ်ကြတဲ့ PetroChina၊ Sinopec၊ CNOOC၊ Zhenhua Oilတို့ဟာ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အရေးယူ ပိတ်ဆို့မှု မူဝါဒတွေကြောင့် ရုရှားရဲ့ ပင်လယ်ရေကြောင်း ရေနံ တင်သွင်းမှုတွေကို အနည်းဆုံး ရေတိုကာလ တစ်ခုအထိ ရပ်နားထားမယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ကုမ္ပဏီ လေးခုကတော့ ဒီဆုံးဖြတ်ချက်အပေါ် တရားဝင် မှတ်ချက် မပေးသေးပါဘူး။

တရုတ်ဟာ ရုရှားဆီကနေ တစ်နေ့ကို ပျမ်းမျှ ရေနံစည်ပေါင်း ၁.၄ သန်းလောက်ထိကို ပင်လယ်ရေလမ်းကြောင်းကနေ တင်သွင်းနေတာ ဖြစ်ပါတယ်။ အဲဒီထဲက ရေနံ အများအပြားကို ရုရှား အစိုးရပိုင် မဟုတ်တဲ့ ပုဂ္ဂလိက ရေနံချက်စက်ရုံတွေကနေ မှာယူတာ ဖြစ်တဲ့တိုင် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု ကြေညာချက် အပြီးမှာတော့ ဝယ်ယူမှု အများစုကို တရုတ်က ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ Rosneftနဲ့ Lukoilဟာ ထုတ်လုပ်တဲ့ ရေနံအများစုကို ကြားခံ ကုမ္ပဏီတွေကနေတဆင့် တရုတ်ဆီ တင်ပို့နေတယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

တရုတ်ဟာ ရုရှားဆီကနေ ပိုက်လိုင်းသွယ်တန်းပြီး တင်သွင်းနေတဲ့ ရေနံပမာဏကလည်း တစ်နေ့ကို စည် ၉ သိန်းစာလောက် ရှိပါတယ်။ အဲဒီရေနံအားလုံးကို PetroChina ကုမ္ပဏီက ဝယ်ယူနေတာဖြစ်ပြီး အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှုကတော့ အဲဒီ တင်သွင်းမှု လမ်းကြောင်းအပေါ် ကြီးကြီးမားမား ထိခိုက်စေဖွယ် မရှိကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။