Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့မှာ ဆပ်ကြေးကောက်ဖို့လာတဲ့ ရဲ နှစ်ဦးတိုက်ခိုက်ရာ သေဆုံး၊ ​သေနတ်နှစ်လက်ရဟု သရက်ခရိုင်တပ်ရင်း(၄) ပြော

မကွေးတိုင်း၊ မင်းတုန်းမြို့မှာ ဆပ်ကြေးကောက်ဖို့ လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ နှစ်ဦးတိုက်ခိုက်ရာ သေဆုံးပြီး လက်နက်နှစ်လက် သိမ်းရတယ်လို့ သရက်ခရိုင်အမှတ်-၄ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ

အောက်တိုဘာ-၂၆၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့မှာ ဆပ်ကြေးကောက်ဖို့ လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ နှစ်ဦးတိုက်ခိုက်ရာ သေဆုံးပြီး လက်နက်နှစ်လက် သိမ်းရတယ်လို့ သရက်ခရိုင်အမှတ်-၄ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့ (အောက်တိုဘာ ၂၆ ရက်) မနက် ၆ နာရီ ခွဲမှာ မင်းတုန်းမြို့၊အင်းလည်ကုန်းကျေးရွာအနီး ၊ မင်းတုန်းမြို့ဝင် လမ်းပိုင်းပေါ်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကားတွေကို ဆပ်ကြေးကောက်နေတာ။တစ်စီးကို သိန်း ၄၀ ၊၅၀ နှုန်းနဲ့ ကောက်နေတဲ့သတင်းကို ကြိုတင်ရရှိလို့ ၂၅ ရက်နေ့ကတည်းက ကြိုတင်ကင်းပုန်းဝပ်ပြီးတော့ ၂၆ ရက်နေ့မနက်မှာဆပ်ကြေး ကောက်ဖို့ထွက်လာတဲ့ ရဲနှစ်ယောက်ကိုတိုက်ခိုက်ခဲ့တာ”လို့ အထက်ပါတာဝန်ရှိသူက တိုက်ခိုက်ခဲ့မှုကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

မင်းတုန်းမြို့ က ရဲနှစ်ဦးဖြစ်တဲ့ နေမင်းထက်နဲ့ သန်းထိုက်စိုးတို့ဟာ ခရီးသွားကားတွေကို လက် နက်နဲ့ ခြိမ်းခြောက် ဆပ်ကြေးကောက်ဖို့ ထွက်လာခဲ့တာလို့ အသိ​​ပေးပါတယ်။

“အင်းလည်ကုန်းနဲ့ မင်းတုန်းမြို့က အလွန်ဆုံး ၄ မိုင် ၅ မိုင်လောက်ပဲ ဝေးတာ။မြို့အဝင်နားက ရွာပဲ”လို့ မင်းတုန်းမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

သရက်ခရိုင်အမှတ် – ၄ တပ်ရင်း၊ တပ်ခွဲ (၂) ၊ တပ်စိပ်(၅)ရဲ့ စောင့်ကြိုတိုက်ခိုက်မှုမှာ G3 နှစ်လက် ၊ G3ကျည်ဘောက် နှစိခု ၊ G3ကျည် ၂၉တောင့် ၊ လက်ပစ်သီး တစ် လုံး ၊ လက်ထိပ် တစ်ခု ၊ ဖုန်း တစ်လုံး နှင့် ငွေသား ကျပ် ၆၅,၀၀၀ သိမ်းရတယ်လို့ သိရပါတယ်။

သရက်ခရိုင်အနေနဲ့ စစ်ရေးအရ ပြင်းထန်မှုမရှိသေးသော်လည်း စစ်ကောင်စီရွေးကောက်ပွဲကိုဆန့်ကျင်ပြီး စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေမှာ တိုက်ခိုက်မှုအရှိန်မြှင့်တင်မယ်လို့ သရက်ခရိုင်အမှတ်-၄ တပ်ရင်းက အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက စစ်တပ် စစ်ကြောင်းဟာ ရခိုင်ရိုးမပေါ်မတက်နိုင်သေးဘူးလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။