Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့ နှစ်ရက်ဆက်ဗုံးကြဲပြီးနောက် လူစုလူဝေးမလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့ မခွဲခြားဘဲ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ကန်ပက်လက်မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ဘယ်ပွဲမဆို လတ်တလောအချိန်မှာ ကျင်းပတာ ရှောင်ရှားဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ အောက်တိုဘာ ၂၆ရက်မှာထုတ်ပြန်ပါတယ်။

ကန်ပက်လက်ဒေသ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲအပြီး မြင်ကွင်း။ ဓာတ်ပုံ - ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာန

အောက်တိုဘာ-၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ပြည်သူလူထုနဲ့ တော်လှန်ရေးအဖွဲ့ မခွဲခြားဘဲ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် ကန်ပက်လက်မြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ဘယ်ပွဲမဆို လတ်တလောအချိန်မှာ ကျင်းပတာ ရှောင်ရှားဖို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ အောက်တိုဘာ ၂၆ရက်မှာထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ကန်ပက်လက်မြို့ကို အောက်တိုဘာ ၂၄ရက် မနက်နဲ့ အောက်တိုဘာ ၂၅ရက်ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မြို့နယ် ပအဖက အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၂၄ရက် မနက်မှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ကန်ပက်လက် မြို့ မြို့မ(၂)ရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးသီးတွေ ကြဲချခဲ့လို မနေ့ညမှာလည်း ဆက်လက် လေကြောင်း ဗုံးကြဲခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်ကော်မရှင်သည် ပြည်သူနှင့် တော်လှန်ရေးအဖွဲ့ကို ခွဲခြားခြင်းမရှိ အဆုံးစွန်ထိ ရက်စက်ကြမ်းကြုတ်မှုများကျူးလွန် လာနေပါသဖြင့် လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည့် ကတုတ်ကျင်းများ ထပ်ထပ်လုပ် ဆောင်နိုင်ရန်နှင့် လူစုလူဝေးဖြစ်စေမည့် မည်သည့်ပွဲမှကျင်းပခြင်းကို လတ်တလောရှောင်ရှားနိုင်ကြ ရန် အထူးမေတ္တာရပ်ခံအပ်ပါသည်” လို့ ထုတ်ပြန်ပါတယ်။

နှစ်ရက်တာ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၃ဦး သေဆုံးကာ ၁၅ဦးထက်မနည်း ဒဏ်ရာပြင်းထန်ခဲ့ပြီး ပြည်သူနေအိမ်(၅)လုံး၊ အဆောက်အဦး(၃)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ အောက်တိုဘာ ၂၄ရက်မနက်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဟာ ချင်းဒေသကာကွယ်ရေးတပ်(CDF) ကန်ပက်လက်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာပွဲကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

စစ်ကောင်စီဟာ မင်းတပ်မြို့နယ်ကိုလည်း အခုလိုပဲ လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလိုလေကြောင်း တိုက်ခိုက်ရာမှာ ကလေးငယ်တွေရဲ့ စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေလို့ မင်းတပ်မြို့နယ်အတွင်း ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားဖို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook