Connect with us

Hi, what are you looking for?

သတင်း

တောင်ကုတ်မြို့က စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့က စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

တောင်ကုတ်မြို့ကို စစ်ကောင်စီက ၂၀၂၅ စက်တင်ဘာ ၂၆ရက်က ပေါင်၅၀၀ဗုံးလို့ ပျက်စီးမှုများ။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၈၊၂၀၂၅။အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့က စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

မနေ့က အောက်တိုဘာ ၂၇ရက် ညပိုင်းမှာ တောင်ကုတ်မြို့နယ် မီးချောင်းထိုးကျေးရွာက မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို ဗုံးကြဲခဲ့တာလို့ ရခိုင်ပြည်နယ်ဒေသခံသတင်းမြစ်တချို့က ပြောပါတယ်။

” ဒီနေ့မနက်ထိကြားရသလောက်တော့ ကျောင်းဆောင်တော့ပျက်စီးသွားတယ်။ လူအထိခိုက်တော့မရှိဘူးပေါ့။ လုံခြုံရေးအရ ကျောင်းပိတ်ထားတာကြောင့်လည်း အထိအခိုက်မရှိခဲ့တာဖြစ်ပါတယ်”လို့ တောင်ကုတ်မြို့က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ကနေတဆင့် တောင်ကုတ်မြို့ဦးတည်ပြီး စစ်ကြောင်းထိုးဖို့ကြိုးစားနေသလို လေကြောင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းတွေကို AAနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်နေပါတယ်။

တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလဆန်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအောက်တိုဘာ ၁၄ ရက်မှာတော့ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်၊ ၉ ကီလိုမီတာအကွာက စစ်ကောင်စီစခန်း ၆၆၆ပွိုင့်ကုန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ AAကထုတ်ပြန်ပါတယ်။

တောင်ကုတ်-ပန်းတောင်းလမ်းပိုင်းနေရာချို့မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့ထဲကိုပါ လေကြောင်းကနေ ဗုံးကြဲတာဖြစ်ပါတယ်။

AAထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းကနေတိုက်ခိုက်တာတွေ၊ အရပ်သားပြည်သူတွေကို နေ့‌ ရောညပါ အကြမ်းဖက်တိုက်ခိုက်နေလို့ သတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးရန်နဲ့ပတ်သက်တဲ့ အရေးပေါ် သတိပေးချက်ကိစက်တင်ဘာလ ၂၈ရက်ညမှာ ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘုန်းတော်ကြီးကျောင်းစတဲ့ နေရာတွေအပြင် လူစုလူဝေးရှိတယ်လို့ ထင်တဲ့နေရာတွေကို နေ့၊ ည အချိန်မရွေး လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၅ရက်ကနေ အောက်တိုဘာ ၂၇ရက်အတွင်းတောင်ကုတ်၊ အမ်း၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်ဖြူမြို့နယ်တွေကို စစ်ကောင်စီက ဗုံးကြဲလို့ ကလေနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။