Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူငယ်တစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး နေအိမ် ၆လုံး ပျက်စီးခဲ့ပါတယ်။

အောက်တိုဘာ၂၈၊ ၂၀၂၅။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး သေဆုံးပြီး နေအိမ် ၆လုံး ပျက်စီးခဲ့ပါတယ်။

မနေ့က အောက်တိုဘာ ၂၇ ရက် ည ၈နာရီခန့်က မိတ္ထီလာမြို့ဘက်ကနေ တက်လာတဲ့ စစ်တပ် လေထီး ၃စီးဟာ မလှိုင်မြို့နယ်မြောက်ခြမ်းက ကျေးရွာတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းကနေ ဗုံးသီး ၉လုံးကြဲချကာ တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီတိုက်ခိုက်မှုကြောင့် သက္ကယ်ကျင်းအုပ်စု၊ ဘွက်ငယ်ကျေးရွာအတွင်း ၁၂၀မမ ဗုံးသီး ၃လုံး ကျပြီး သားအမိ ၂ ဦး ဒဏ်ရာရပြီး အသက် ၁၇နှစ်အရွယ် သားဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကလေးက မနက်၃နာရီခန့်က ဆုံးသွားတာလို့ သိရပါတယ်။ မိခင်ကတော့ ဆေးကုခံနေပါတယ်။”လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နေအိမ်၆လုံး ပျက်ဆီးကာ နွား ၃ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“လေကြောင်းအန္တရာယ်က အချိန်မရွေး နေရာမရွေး ကျရောက်နိုင်တာမို့ လူစုလူဝေးမလုပ်ကြဖို့နဲ့ ဗုံးခိုကျင်းများ တူးထားပြီး ကာကွယ်ကြဖို့ သတိပေးချင်ပါတယ်”လို့ လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မနေ့က မနက်ပိုင်းကလည်း မလှိုင်မြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ နွားထိုးကြီးမြို့နယ် နေရာ နှစ်ခုကို စစ်တက်က စက်တပ်လေထီး ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

မလှိုင်မြို့နယ်ဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နွားထိုးကြီး၊ မြင်းခြ၊ တောင်သာနယ်တွေနဲ့ နယ်နမိတ်ချင်းထိဆက်နေပြီး စစ်အုပ်စုကလည်း ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ငွေညှစ်တာတွေ ပြုလုပ်လေ့ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။