Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ကရွာသာကြီးရွာကို စစ်တပ်က ဗုံးကြဲပြီး ဝင်ရောက်စီးနင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ရွာသာကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲပြီးနောက် စစ်သားတွေ ဝင်ရောက်စီးနင်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

နိုဝင်ဘာ-၁၊၂၀၂၅။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ရွာသာကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲပြီးနောက် စစ်သားတွေ ဝင်ရောက်စီးနင်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၁ရက်) မနက် ၉ နာရီခွဲ​ဝန်းကျင်မှာ တပ်မ(၃၃)ကနေလာတဲ့ Mi17 ယာဥ်နှစ်စီးနဲ့ ရွာသာကြီးကျေးရွာထဲကို စစ်ကောင်စီတပ်သားတွေ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် တပြိုင်တည်းမှာပဲ စက်တပ်လေထီးနှစ်စီးနဲ့ ခြောက်ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်လို့လည်း ဝက်လက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရွာသာကြီး ပတ်ချာလည် နယ်မြေရှင်းလင်းရေး လုပ်ချင်တာနဲ့တူတယ်။ဗုံးတွေကတော့ ရွာသာကြီး ကျေးရွာထဲကိုပဲ ကြဲတာ”လို့ ၎င်းက ပြောပါတယ်။

ရွာသာကြီးကျေးရွာဗုံးကြဲခံရမှုနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်မသိရသေးဘဲ စုံစမ်းဆဲလို့ ၎င်းက ဆိုပါတယ်။

ရွာသာကြီးကျေးရွာဟာ ဝက်လက်မြို့နယ်အနောက်ဘက်ခြမ်းကနေ အရာတော်မြို့နယ်ဘက်ကို ချိတ်ဆက်ထားတဲ့ ကားလမ်းပိုင်းပေါ်မှာတည်ရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာတတိယပတ်က အရာတော်မြို့နယ် သလဲဘာပျူစောထီးကျေးရွာကနေ ဝက်လက်မြို့နယ် ကျောက်ကုန်းကျေးရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ပါသေးတယ်။

အဲဒီစစ်ကြောင်းကို အောက်တိုဘာ ၂၁ရက်ကနေ ၂၆ ရက်အထိ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားအလောင်းတချို့နဲ့ လက်နက်တစ်လက်သိမ်းရခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။