Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုက ပျူရွာ ဗုံးချတိုက်ခိုက်ခံရပြီး ပျူခေါင်းဆောင်သေဟု PDF ပြော

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊သီလုံးရွာကပျူစောထီးစခန်း နှစ်ရက်ဆက်တိုက် ​ဗုံးကြဲတိုက်ခိုက်ခံရပြီးပျူခေါင်းဆောင်သေဆုံးသွားကြောင်းရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပျူ​စောထီးများကို ဒရုန်းဖြင့်တိုက်ခိုက်စဥ်။ ရွှေဘိုပလဖ

နိုဝင်ဘာ-၂၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊သီလုံးရွာကပျူစောထီးစခန်း နှစ်ရက်ဆက်တိုက် ​ဗုံးကြဲတိုက်ခိုက်ခံရပြီးပျူခေါင်းဆောင်သေဆုံးသွားကြောင်းရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ နဲ့ ၂၉ ရက်တွေက ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ သီလုံးပျူစောထီးရွာက ပျူစခန်းကို နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင် ဝင်း​ဇော်အောင် သေဆုံးပြီး ပျူ ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်းက ​ဖော်ပြပါတယ်။

“သေတဲ့ပျူခေါင်းဆောင် ဝင်းဇော်အောင်ရဲ့အသုဘကို မနေ့နေလယ်က လုပ်သွားတယ်”လို့ ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇီးဖြူကုန်းပျူရွာကနေ တပ်ကူတွေရောက်လာပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ကူခဲ့ကြောင်း၊ ရဲဘော်တွေတော့ အထိအခိုက်မရှိကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးကို ရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်း ဦးဆောင်ပြီး ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Crocodile ၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊FIFတောင်သူ့လွတ်မြောင်ရေးအင်အားစု ၊ဒေါင်းစစ်သည်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ရွှေဘိုဝံအတွင်းမှာ စစ်တပ်လက်အောက်ခံ ပျူရွာ ၅ ရွာထက်မနည်းရှိပြီး တော်လှန်ရေး အဖွဲ့တွေက မကြာခဏ တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

Facebook