Connect with us

Hi, what are you looking for?

သတင်း

သူခိုးကြီးည ချက်စားဖို့ ကြက်ခိုးတဲ့ လူငယ်ကို PPP အမတ်လောင်းသားအဖက ဖမ်းဆီးရိုက်နှက်လို့ သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ တန်ဆောင်မုန်းလပြည့်ညကလူငယ်တွေစုပြီး ကာလသားဟင်းချက်စားဖို့ ကြက်ခိုးတဲ့အထဲက လူငယ်တစ်ဦးကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အမတ်လောင်း စိုင်း​ရွှေထီး နဲ့ သားဖြစ်သူက ရိုက်နှက်လို့ သေဆုံးသွားပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အမတ်လောင်းစိုင်း​ရွှေထီး နဲ့ သား ဖြစ်သူတို့ကို​တွေ့ရစဥ်

နိုဝင်ဘာ-၅၊၂၀၂၅။မိထက်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ တန်ဆောင်မုန်းလပြည့်ညကလူငယ်တွေစုပြီး ကာလသားဟင်းချက်စားဖို့ ကြက်ခိုးတဲ့အထဲက လူငယ်တစ်ဦးကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အမတ်လောင်း စိုင်း​ရွှေထီး နဲ့ သားဖြစ်သူက ရိုက်နှက်လို့ သေဆုံးသွားပါတယ်။

တောင်ကြီးမြို့၊ ရပ်ကွက်(၁)နယ်မြေ(၂)မှာ နိုဝင်ဘာ ၅ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က အဲ့ဒီဖြစ်စဉ် ဖြစ်ခဲ့တာပါ။ အဲ့ဒီရပ်ကွက်ထဲက PPP အမတ်လောင်းစိုင်းရွှေထီးရဲ့ ခြံဝင်းထဲက ကြက်ကို လူငယ်တစ်ဦးက ဝင်ဖမ်းစဉ်မှာ ရိုက်နှက်ခံရတာ ဖြစ်ပါတယ်။

“လူငယ်တွေက ထုံးစံအတိုင်းပဲပေါ့ဗျာ။ သူခိုးကြီးညမှာ ချက်စားဖို့ ကြက်ဝင်ခိုးတာ။ ဝင်ခိုးတဲ့ ကလေးကို စိုင်းရွှေထီး နဲ့ သူ့သားစိုင်းကျော်စိုးမိုးက ဖမ်းရိုက်ပစ်တာဗျာ။ တော်တော်လေး ဗရုတ်သုတ်ခနိုင်တယ်ပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူက လူလတ်ပိုင်းအမျိုးသားဖြစ်ပြီး စိုင်းရွှေထီးနဲ့ တစ်ရပ်ကွက်တည်း‌နေသူပါ။ စိုင်းရွှေထီးရဲ့ လုပ်ရပ်ကို အိမ်နီးနားချင်း‌တွေက ပြစ်တင်ဝေဖန်ချင်ပေမယ့် စစ်အုပ်စုရန်ကိုကြောက်လို့ နှုတ်ဆိတ်နေကြတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

လက်ရှိမှာတော့ စိုင်းရွှေထီးနဲ့သားဖြစ်သူကို တောင်ကြီးမြို့မရဲစခန်းမှာ ဖမ်းဆိးထားပြီး လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။စိုင်းရွှေထီးဟာ PPP ပါတီကို ကိုယ်စားပြုပြီး တောင်ကြီးမြို့ မဲဆန္ဒနယ် အမှတ်(၁) က နေ ဝင်ပြိုင်ဖို့ မှတ်ပုံတင်ထားသူဖြစ်ပါတယ်။

” စစ်တပ် ရွေးကောက်ပွဲဝင်မယ့်ဟာတွေက စစ်တပ်လိုပဲ လူထုအပေါ် ယုတ်မာပါတယ်။အခုလိုဖြစ်လို့ လူသိတာနဲ့ မသိတာပဲ ရှိသေးတာ” လို့တောင်ကြီးမြိုခံတစ်ဦးကပြောပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ည၊လပြည့်ကျော်တစ်ရက်ညတွေဟာ သူခိုးကြီးအဖြစ် လူငယ်တွေက ပျော်ပွဲရွှင်ပွဲလုပ်ပြီး ပျော်ပါးလေ့ရှိပါတယ်။

တောင်ကြီးမြို့လို စစ်ကောင်စီကအပြည့်အဝထိန်းချုပ်ထားတဲ့မြို့တွေမှာ အခုလို ပျော်ပွဲရွင်ပွဲတွေရှိပေမယ့် ဒေသအနှံ့ကမြို့အများအပြားမှာတော့ ယခင်ကလိုပျော်ပွဲ ရွှင်ပွဲတွေ မလုပ်ကြတော့ပါဘူး။

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာဆိုရင် စစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်ဖို့ သတိပေးထားတာတွေလည်းရှိပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဌ ဟာ စစ်တပ်​ထောက်ခံသူဖြစ်ပြီး ၂၀၂၀ ​ရွေး​ကောက်ပွဲမတိုင်ခင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို အာဏာသိမ်းဖို့ ​ပြောခဲ့တဲ့ပါတီ​တွေထဲမှာလည်းပါဝင်ပါတယ် ။ ​ဒေါ်သက်သက်ခိုင်ဟာစစ်တပ်အာဏာသိမ်းပြီး​နောက် စစ်​ကောင်စီမှာ လူကယ်ပြန်နဲ့ ဟိုတယ်ခရီး ဝန်ကြီးလုပ်ခဲ့​ပေမယ့် စစ်အုပ်စုက သူတို့လုပ်မယ့်​ရွေး​ကောက်ပွဲမှာ ​ဒေါ်သက်သက်ခိုင်ကို ဘဏ်အ​ကြွေး​တွေပြန်မဆပ်တဲ့အ​ကြောင်းပြချက်နဲ့ ဝင်ပြိုင်ခွင့်ပိတ်ထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ပြည်မြို့မှာ နေအိမ်ပေါ်တက်ပြီး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း နေအိမ်ပေါ်တက် ပေါ်တာဆွဲခံလိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဖေဖော်ဝါရီလအတွင်း စစ်တပ်က လူငယ် ၅၀ကျော် ပေါ်တာဆွဲဖမ်းဆီးထားတယ်လို့ TGI Support Revolution က အသိပေးပါတယ်။

သတင်း

ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့မှာ အိမ်ကနေ ပြင်ပထွက်ရာက ပျောက်ဆုံးနေတဲ့ ၉ တန်းကျောင်းသားကို ၆ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့ရပြီး အမှုကို ဖော်ထုတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုနေကြပါတယ်။