Connect with us

Hi, what are you looking for?

သတင်း

ပြည်မှာ အိမ်ပေါ်တက်ပေါ်တာဆွဲခံရတဲ့ ပြည်သူ့ပါတီအမတ်လောင်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လွတ်လာဟုဆို

ပဲခူးတိုင်း၊ ပြည်မြို့မှာ နေအိမ်ပေါ်တက်ပြီး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

(ဖမ်းဆီးခံရသည့် ပြည်သူ့ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအား ပြန်ထုတ်ပေးရန် တင်ပြသည့်စာ ဓါတ်ပုံ-Kyaw San)

မေ-၂၁၊ ၂၀၂၆။ဟာနာဆန်/People’s Spring

ပဲခူးတိုင်း၊ ပြည်မြို့မှာ နေအိမ်ပေါ်တက်ပြီး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

မေလ ၁၉ ရက် ည ၁၁ နာရီခွဲခန့်က ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ တိကျစ်ဆုံလမ်း၊ အမှတ် (၁၅၇၆)မှာနေထိုင်တဲ့ ပြည်သူ့ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇေယျာ​ဇော်ဟာ နေအိမ်မှာ အိပ်နေချိန် စစ်တပ်က အတင်းဝင်ရောက် ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း ပြည်သူ့ပါတီရဲ့ပြည်မြို့နယ်ဥက္ကဋ္ဌ ဦးကျော်ဆန်းက လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါတယ်။

အဲဒီနောက် မေလ ၂၀ရက်မှာ မြို့နယ်ပါတီဥက္ကဌဦးကျော်ဆန်းက စစ်တပ်ရဲ့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဆီကို ပေါ်တာဆွဲခံရတဲ့ ကိုယ်စားလှယ်လောင်း ဦးဇေယျာ​ဇော်ဟာ ကျန်းမာရေးချို့ယွင်းနေလို့ ဆေးဝါးကုသနေရဆဲ ဖြစ်ကြောင်း၊ ဒါ့ကြောင့် စစ်မှုထမ်းဆောင်ဖို့ ခေါ်ဆောင်တာကို ခေတ္တရွှေ့ဆိုင်းပေးဖို့ဆိုပြီး စာတင်လိုက်ရာမှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ကြောင်း ဦးကျော်ဆန်းက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဦးဇေယျာဇော်ပြန်လည်လွတ်မြောက်လာမှုအား ပြည်မြို့နယ်၊စစ်မူထမ်းဆင့်ခေါ်ရေးအဖွဲ့အား၊အထူးကျေးဇူးတင်ရှိပါသည်။”လို့ ဦးကျော်ဆန်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ပေါ်တာဆွဲခံရတဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေယျာ​ဇော်ဟာ အသက် (၃၄) နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာမှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ပဲခူးတိုင်း၊ ပြည်မြို့၊ မဲဆန္ဒနယ်မြေအမှတ် (၅)ကနေ ဝင်ရောက်ယှဥ်ပြိုင်ရင်း ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

ဦး​ဇေယျာဇော်ကို ပြည်မြို့ရှိတပ်မ(၆၆)လက်အောက်ခံ အမှတ် (၉၅၉) တပ်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခဲ့တာပါ။ ဦး​ဇေယျာဇော်ဟာ စစ်တပ်စီစဥ်တဲ့ ၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီ ​ရွေး​ကောက်ပွဲမှာ ပြည်သူ့ပါတီကိုယ်စားပြုယှဥ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

ပြည်သူ့ပါတီဟာ ဦးကိုကိုကြီး တည်ထောင်တဲ့ပါတီဖြစ်ပြီး ဦးကိုကိုကြီးက စစ်​ကောင်စီရဲ့ အတိုင်ပင်ခံ​ကောင်စီဝင်ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်း အပတ်စဥ် (၂၅)ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စာမတတ်ပေမတတ်တဲ့ ပြည်သူ့စစ်တွေ မွေးထုတ်ထားဟု ဒေါ်စောယုမာပြော

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှု‌တွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။