Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော် ခလရ(၄၇)တပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ စစ်ကောင်စီရဲ့ ခလရ(၄၇)တပ်ရင်းဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအတွင်း ဗန်းမော်မြို့မြစ်ကမ်းဘေးတနေရာ ဗုံးကြပေါက်ကွဲနေတာကို တွေ့ရစဉ်။ဓာတ်ပုံ - CJ

နိုဝင်ဘာ-၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး ဒီကနေ့ နိုဝင်ဘာ ၆ရက်မှာ စစ်ကောင်စီရဲ့ ခလရ(၄၇)တပ်ရင်းဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်ဒေသလတ်တလော စစ်ရေးအခြေအနေတွေကို မေးမြန်းရာမှာ သတင်းရင်းမြစ်က အခုလို ပြောပြတာဖြစ်ပါတယ်။

” ၀ိုင်းမော်ဘက် ငြိမ်နေတယ်။ ဗန်းမော်ဘက် ဒီနေ့ တိုက်ပွဲပြင်းထန်နေတယ်။ (၄၇)တပ်ရင်းဘက် တိုက်ပွဲ ပြင်းထန်နေတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ခလရ(၄၇)တပ်ရင်းအနီးတိုက်ပွဲဟာ KIAက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

” ဗန်းမော်ဘက်တိုက်ပွဲနေ့တိုင်းရှိတယ်။ သူတို့ ထိုးလိုက်။ ငါတို့ ပြန်ထိုးလိုက်ပဲ။ လွန်ခဲ့တဲ့၃ရက်အတွင်း နေရာ ၂ခုပြန်ရထားတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က စစ်ကောင်စီတပ်စွဲရာနေရာ အချို့ ပြန်လည်သိမ်းပိုက်နိုင်တဲ့ အခြေအနေကို ပြောပါတယ်။

ဗန်းမော်ဒေသ စစ်ရေးအခြေအနေကို မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ KIAဟာ ကချင်ပြည်နယ် ခေါင်လန်ဖူးဘက်မှာလည်း တိုက်ပွဲတွေရှိနေပြီး အောက်တိုဘာအတွင်း ခေါင်လန်ဖူးဒေသက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်စခန်း ၄ခုကို KIAက သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေ နှစ်ဝက်နီးပါးကြာ ဖြစ်ပွားနေတဲ့ ဖားကန့်ဒေသကိုလည်း စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းနေတယ်လို့ အခြား သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“ဖားကန့်ကို စစ်တပ်က စစ်အင်အား ပို့နေလို့ ဖားကန့်လမ်း မရန်ကထောင်ဂိတ်ကို ဒီမနက်ပိုင်း စစ်တပ်က ပိတ်ထားတယ်လို့ သတင်းရတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဒေသစစ်ရေးအခြေအနေတွေ ထပ်မံ သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကောင်စီ ဝါဒဖြန့်သူအချို့နဲ့ စစ်ကောင်စီအားပေး မီဒီယာအချို့မှာ KIO/KIAနဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ ဝါဒဖြန့်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ကချင်စစ်ရေးသတင်းရင်းမြစ်ကတော့ စစ်ကောင်စီနဲ့ KIA တွေ့ဆုံဖို့ မရှိသေးဘူးလို့ ဆိုပါတယ်။ အဲဒီလို စစ်တပ်က ဝါဒဖြန့်နေတာနဲပတ်သက်ပြီး မေးမြန်းဖို့ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ ဗန်းမော်မြို့ဦးတည်လညတဲ့ စစ်တပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ စစ်တပ် အထိနာတပ်လန်ပြီး ရွတပ်ပြန်ဆုတ်သွားရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဗန်းမော်မြို့ကိုဗဟိုပြုပြီးယမန်နေ့ ညပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၅ အဆင့် ငလျင်လှုပ်သွားပြီး ဖားကန့်အပါအဝင်ကချင်ပြည်နယ်က​ဒေသအများစုမှာ မြငလျင်လှုပ်ရှားတာကို သိရှိခံစားလိုက်ရပါတယ်။