Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ ဒေသခံတွေ ကျောက်တူးတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့(နိုဝင်ဘာ ၁၈ရက်) နေ့ခင်းပိုင်းမှာ ဒေသခံတွေကျောက်တူးနေကြတဲ့နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်မှုတွေရှိခဲ့ပါတယ်။

ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်က ကျန်ဂတ် မှော်ထဲကို စစ်ကောင်စီ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

နိုဝင်ဘာ-၁၈၊၂၀၂၅။အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့(နိုဝင်ဘာ ၁၈ရက်) နေ့ခင်းပိုင်းမှာ ဒေသခံတွေကျောက်တူးနေကြတဲ့နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်မှုတွေရှိခဲ့ပါတယ်။

ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်က ကျန်ဂတ် မှော်ထဲကို နေ့ခင်း ၁နာရီ၄၅မိနစ်မှာ ဒရုန်းနဲ့ ဗုံးသုံးလုံးကြဲတာလို့ သိရပါတယ်။

” ဒီနေရာက စက်ယန္တရားတွေမပါဘဲနဲ့ လက်ကျင်းတူးကြတဲ့နေရာပါ။ ထမင်းစားလောက်ရုံပဲရှာကြတဲ့နေရာ။ အဲဒီကို ကြဲတာဗျ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒရုန်းဗုံးကျရောက်ပေါက်ကွဲလို့ မြေပြင်မှာထိခိုက်မှုတွေရှိတယ်လို့ သိရပေမယ့် အသေးစိတ် သတင်းမရရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ရက်ကလည်း ဖားကန့် မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မားဆားကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ဖားကန့်ဒေသမှာ နိုဝင်ဘာ ၆ရက်ကစပြီး တိုက်ပွဲတွေပြန်ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်နေပါတယ်။

နိုဝင်ဘာ ၁၁ရက်ကလည်း ဖားကန့်မြို့၊ ကထန်ကွက်သစ်ထဲကို လေကြောင်းကနေ ဗုံးကြဲလို့ ကလေးမိခင်တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၈ရက်ကလည်း စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

ဖားကန့်၊ မှော်စီစာလမ်းဆုံမှာ နိုဝင်ဘာ ၁၀ရက် မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို KIA၊ KPDFက မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးကျော်သေဆုံးသလို ပွိုင့်ဖိုက်အပါအဝင် သေနတ်နဲ့ကျည်ဆန်တွေကို KIA ၊KPDFက သိမ်းယူခဲ့ပါတယ်။

လက်ရှိမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေမဖြစ်ပေမယ့် စစ်ကောင်စီကလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေလုပ်နေလို့ သတိပြုကြဖို့ KIA ၊KPDFက ဒေသခံတွေကို သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook