Connect with us

Hi, what are you looking for?

သတင်း

ကောလိပ်ကျောင်းအုပ်ရဲ့ နေအိမ် မှာ ပစ်ခတ်မှုဖြစ်ပြီး ဇနီးဖြစ်သူသေဆုံး

စစ်ကိုင်းမြို့နယ်ထဲ အုန်းတောမြောက်ရွာမှာရှိတဲ့ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရဲ့ ကျောင်းအုပ် ကြီး နေထိုင်ရာ လိုင်းခန်းမှာ ပစ်ခတ်မှု ဖြစ်ပြီး ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့သိရပါတယ်။

ဓာတ်ပုံ - ဝီကီ

နိုဝင်ဘာ – ၂၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

စစ်ကိုင်းမြို့နယ်ထဲ အုန်းတောမြောက်ရွာမှာရှိတဲ့ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရဲ့ ကျောင်းအုပ် ကြီး နေထိုင်ရာ လိုင်းခန်းမှာ ပစ်ခတ်မှု ဖြစ်ပြီး ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်ကနိုဝင်ဘာလ ၂၁ ရက်ညနေ ၈နာရီ ဝန်းကျင်မှာ ကျောင်းအုပ်ရဲ့ နေအိမ် လိုင်းခန်းမှာ ဖြစ်ပွားတာပါ။ ပစ်ခတ်မှုကြောင့် ကျောင်းအုပ် ဦးစိုးကြည်ရဲ့ အသက် ၅၄ နှစ်အရွယ် ဇနီးဖြစ်သူ ဆီးခုံကို သေနတ်မှန်ပြီး စစ်ကိုင်းဆေးရုံ အရောက်မှာ သေဆုံးသွားပါတယ်။

“ကျောင်းထဲထိဝင်ပစ်တာလို့ သိရတယ်၊ စစ်ကိုင်းမြို့ပေါ်နဲ့တော့ နာရီဝက်ကျော်လောက်သွားရတယ်”လို့ စစ်ကိုင်းမြို့ခံတစ်ဦးပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းအုပ် ဇနီးရဲ့ နာရေး ကိုတော့ နိုဝင်ဘာ၂၂ရက်မှာ ပြုလုပ်ခဲ့တယ်သိရပါတယ်။ ပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။

စစ်ကိုင်းမြို့ရှိ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဟာ စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနလက်အောက် က ကောလိပ်ကျောင်းတခုဖြစ်ပါတယ်။

အခုနှစ်အတွက် ပထမနှစ်တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူ စိစစ်ရွေးချယ်ပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ရာမှာ စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် တက်ရောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။