Connect with us

Hi, what are you looking for?

သတင်း

မုံရွာနည်းပညာတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်တပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်တပ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုက ပြောပါတယ်။

မုံရွာနည်းပညာတက္ကသိုလ်မှာတပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Screengrab

နိုဝင်ဘာ-၂၅၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်တပ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုက ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနက် ၁၀ နာရီခန့်က မုံရွာနည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကို တော်လှန်ရေးအင်အားစုတွေက အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

“မီတာ ၅၀ အထိကို ကပ်နိုင်ခဲ့တာပါ။ ကျည်ပစ်အား အရမ်းများနေတာကော သူတို့ခံစစ်က ငါးကြင်းမှီး ကြောင့်ကော အရှေ့ထိတတ်မရတော့တာပါ။ အနီးကပ်ကို ပစ်ခဲ့ရတာပါ။”လို့ အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု မုံရွာခရိုင် တပ်ရင်း(၂)တပ်ခွဲ-၃ရဲ့ တပ်ခွဲမှူး ကိုဝေလင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုမှာ ကျောင်းအတွင်းက စစ်အုပ်စုဝင် ၄ဦးသေဆုံးပြီး ၇ ဦး ပြင်းထန်ဒဏ်ရာရတယ်လို့အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။

“အခုက မျက်မြင်အတည်ပြု ‌ကျဆုံး စာရင်းကိုပဲ ထုတ်ပြန်ထားတာပါ။ တခြားအရင်းအမြစ်‌တွေကနေ ကြားသိရသလောက်ဆို ၁၀ယောက်လောက် ပြုတ်တယ် ကြားတယ်။Sunday အနားယူချိန် ဆိုတော့ သူတို့ အတော်ထိသွားတယ်။ “လို့ မုံရွာခရိုင် တပ်ရင်း(၂)တပ်ခွဲ ၃ရဲ့တပ်ခွဲမှူး ကိုဝေလင်းက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကျည် နှစ်ထောင်နီးပါး အသုံးပြုခဲ့ရပြီး ကျည်လုံလောက်မယ်ဆိုပါက စခန်းသိမ်းနိုင်တဲ့အနေအထားထိ ရှိတယ်လို့ ၎င်းက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် (၂) တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ တပ်စု ၂ (ဒေါင်းမျိုးဆက်) တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၄ (မီးတောက်) တပ်ဖွဲ့၊ ချောင်းဦး မီးတောက်တပ်ဖွဲ့ (MTG) နဲ့ Royal God People Defences Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် တက္ကသိုလ်အတွင်းက စစ်အုပ်စုဟာ သေနတ်တွေ ညတိုင်းပစ်ဖောက်နေပြီး အင်အားလည်းထပ်ဖြည့်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook