Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မှာ စစ်ကြောင်းပျက်သွားတဲ့ စစ်တပ်ထံမှလက်နက် ၃၀ ကျော်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ လက်နက် ၃၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ကြောင်း Black Wolf Armyက သတင်းထုတ်ပြန်ပါတယ်။

သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများအား တော်လှန်ရေးရဲဘော်များနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-Black Wolf Army

နိုဝင်ဘာ-၂၆၊၂၀၂၅။​မေရီ၊အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ လက်နက် ၃၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ကြောင်း Black Wolf Armyက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၃ ရက် မနက် ၈ နာရီခွဲခန့်ကနေ ညနေ ၆နာရီခွဲခန့်အထိးဝက်လက်မြို့နယ်၊ရွှေဘို-မန္တလေးလမ်းပေါ် စိုင်နိုင်ကွေ့မှထွက်လာတဲ့ စစ်ကောင်စီရဲ့တပ်မ ၃၃ လက်အောက်ခံ ခမရ(၁၁)၊ ခလရ(၄၂)က ဗိုလ်ကြီး ဆန်းညွန့်ထွန်းဦးစီးတဲ့ အင်အား ၁၂၀ ခန့်ပါ စစ်တပ်နဲ့ပျူ ပူးပေါင်းစစ်ကြောင်းကို ပုဏ္ဏားကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့နေချိန် တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း Black Wolf Armyက အသိပေးပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်အုပ်စုဝင် ၃၅ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိခဲ့ကာ စစ်ကြောင်းပျက်ပြီး စိုင်နိုင်ကွေ့ကစခန်းထဲပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း Black Wolf Armyက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများကို တွေ့ရစဥ်။ ဓာတ်ပုံ-Black Wolf Army

“တိုက်ပွဲမှာဒဏ်ရာရထားတဲ့ဟာတွေကို ရွှေဘိုကို သယ်တယ်လို့ ကြားတယ်။ ဒီကောင်တွေ စိုင်နိုင်လေးရွာထဲမှာရောက်နေတယ်” လို့ ဒီနေ့မနက်အခြေအနေကို တော်လှန်ရေး ရဲ‌ဘော်တစ်ဦးကပြောပါတယ်။

အဲဒီစစ်ကြောင်းကနေ MA1- ၁၁လက်၊ MA2-၃ လက်၊ MA3- ၁၀လက်၊ ငါးကြင်းမှီး-၂လက်၊ RPG-၁လက်၊ စနိုက်ဘာ -၁လက်၊ BA100 (စိန်ပြောင်း)- ၃လက်၊ BA90(စိန်ပြောင်း) -၁လက်၊ ဂျန်ဘာ-၁လုံး၊ကျည်ဘောက်-၁၆ ဘောက်၊ ၅.၅၆ ကျည်- ၃၉၀တောင့်၊ ၇.၆၂ကျည်-၁၇၁၉တောင့်၊RPG- ၄ဖူး၊ RPGပို့ကျည်- ၇လုံး၊ ကျည်ကာဦးထုပ်-၁၀လုံး၊ ဖုန်း – ၂၈လုံး၊ အီနာဂါ- ၁၉လုံး၊ လက်ပစ်ဗုံး ၇လုံး သိမ်းဆည်းရမိခဲ့တယ်လို့ Black Wolf Armyက ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ ထပ်မံအသိပေးပါတယ်။

အဲဒီတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့ကလည်း ရဲဘော်၃ ဦး ထိခိုက်ဒဏ်ရာရအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး Black Wolf Armyကိုဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

အဲဒီတိုက်ခိုက်မှုကို အမှတ်(၂)ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး စီမံချက်ဖြင့်၊ အမှတ် (၁၊၂၊၃၊၄၊၅၊၁၇)တပ်ရင်းများ၊ဝက်လက်မြို့နယ် ပကဖ၊ဟံလင်းတိုက်နယ် ပကဖ၊ အမှတ်( ၂)ရွှေဘိုခရိုင် Drone အဖွဲ့၊အမှတ်(၁/၂/၃/၄/၅/၁၇)Drone အဖွဲ့၊ဝက်လက်မြို့နယ် ပကဖ Droneအဖွဲ့ နှင့်ဒေသခံပကဖများပူးပေါင်းကာတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများခဲ့တာကြောင့် ဂျက်ဖိုက်တာနဲ့ပါ လေကြောင်းပစ်ကူခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ကဝက်လက်မြို့နယ်အနောက်ခြမ်းက ရွာသာကြီး ရွာကိုနိုဝင်ဘာလဆန်းက အင်အားရာနဲ့ချီ ဝင်ရောက်တပ်စွဲ ပြီး အနောက်မြောက်ခြမ်းကရွာတွေကိုစစ်ကြောင်းသုံးခု နဲ့ စစ်​ကြောင်းထိုးနေတာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်အထိ စိုင်နိုင်လေး၊ ရွှေကျင်၊ လှတော၊ ကျီးကန်၊ ပင်းဇင်း၊ မူးကြီး၊ ထုံးဘို၊ တံတားဦးနဲ့ လိန်ပင် အစရှိတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၇ ရွာကို မီးရှို့ဖျက်ဆီးခံထားရပါတယ်။

အဲဒီရွာတွေက ပြည်သူ ထောင်နဲ့ချီ ထွက်ပြေးနေရပြီး ဒေသခံ ၅၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီး ထားတာရှိတယ်လို့လည်း ​ဒေသခံအချို့က​ပြောတယ်။

တပ်မ(၃၃) လက်အောက်ခံတပ်ရင်းတွေဟာ စစ်ကိုင်းတိုင်းမှာ ဆက်တိုက်အထိနာနေပါတယ်။နိုဝင်ဘာလ၂၃ရက် မနက်ပိုင်းကလည်း ခင်ဦးမြို့နယ် မုံလှရွာကနေ ကလုံရွာဘက် တက်လာတဲ့ အင်အား ၃၀၀ခန့်ပါ စစ်ကြောင်းကို PDFနဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်လို့ ထိခိုက်သေဆုံးသူများပြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ၁၂ရက်နေ့ကလည်း တပ်မ(၃၃)နဲ့ ပျုစောထီးပူးပေါင်းစစ်ကြောင်းတစ်ကြောင်းဟာ ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာ နဲ့ ခင်ဦးမြို့နယ် ရှားတောရွာကြားမှာ PDF ၊ ပကဖ​နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ စစ်ကြောင်းပျက်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။