Connect with us

Hi, what are you looking for?

သတင်း

အသံတိတ်သပိတ်နေ့မှာ ဆိုင်ပိတ်ရင် အရေးယူမယ်လို့ စစ်တပ် ခြိမ်းခြောက်နေ

မနက်ဖြန်မှာ ဈေးဆိုင်ပိတ်မယ့်သူတွေကို ချိတ်ပိတ်ကာ ဖမ်းဆီးထောင်ချမယ်လို့ ဈေးတွေမှာ စစ်အုပ်စုနဲ့ပျူစောထီးတွေက လိုက်လံ ခြိမ်းခြောက်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ နှိုးဆော်တဲ့ အနေနဲ့ လူစည်ကားတဲ့ ရန်ကုန်မြို့လယ်က ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဆိုင်းဘုတ်ချလှုံ့ဆော်နေစဉ်။ ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

ဒီဇင်ဘာ-၉၊၂၀၂၅၊ရှိန်း/ People’s Spring

မနက်ဖြန်မှာ ဈေးဆိုင်ပိတ်မယ့်သူတွေကို ချိတ်ပိတ်ကာ ဖမ်းဆီးထောင်ချမယ်လို့ ဈေးတွေမှာ စစ်အုပ်စုနဲ့ပျူစောထီးတွေက လိုက်လံ ခြိမ်းခြောက်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

တနိုင်ငံလုံး အတိုင်းအတာနဲ့အသံတိတ်သပိတ်လုပ်မယ်လို့ သပိတ်ခေါင်းဆောင်တွေ ကြေညာထားတဲ့ မန္တလေးမြို့က ဈေးတွေမှာ ဒီနေ့ မနက်ပိုင်းကစပြီး ဈေးသည်တွေကို ဓာတ်ပုံလိုက်ရိုက်ကာ မနက်ဖြန်မှာ ယခုအတိုင်း ဈေးဖွင့်ဖို့ လိုက်ပြော နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“စည်ပင်တွေက လာပြောတာ။ပုံမှန်အတိုင်း ဖွင့်ကြဖို့။မဖွင့်လို့ တခုခုဖြစ်ရင်ဘယ်သူမှ လာမကယ်နိုင်ဘူး။သူများပြော စကား တွေနား မယောင်ကြဖို့ ဆိုပြီး ပြောတယ်”လို့ ဈေးချိုတော်အနီး ဈေးတခုက ဈေးသည်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဈေးချိုပတ်ဝန်းကျင်က ဆိုင်ခန်းတွဲတွေမှာလည်း ပိတ်တဲ့သူများရင် တဈေးလုံးကိုအပြီးပိတ်ပစ်မယ်လို့ စစ်တပ်က ပြောတယ်လို့ ဈေးဝန်ထမ်းက လာပြောကြောင်း ဈေးသည်တချို့က ပြောပါတယ်။

ဈေးချိုပတ်ဝန်းကျင်မှာတော့ အရပ်ဝတ်၊ယူနီဖောင်းဝတ် စည်ပင်တွေ လုံခြုံရေးယူနေဆဲလို့ သိရပါတယ်။

စစ်တပ်က ယခုလိုလိုက်ပြောတာဟာ ဈေးကြီးတွေတင်မဟုတ်ဘဲ ရပ်ကွက်ဈေးတွေအထိလိုက်ပြောနေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook