Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးဆေးရုံဗုံးကြဲ လူအစုလိုက်သတ်တဲ့ စစ်တပ်လုပ်ရပ် ကြီးမားတဲ့စစ်ရာဇဝတ်မှုဆိုတာကမ္ဘာကြီးသိစေချင်ဟု NUG ပြော

အာဏာသိမ်းစစ်ကောင်စီက မနေ့(ဒီဇင်ဘာ၁၀ရက်)မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ရက္ခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲကာ လူအစုအလိုက်၊အပြုံလိုက်သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားပြီး စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကမ္ဘာကြီးသိမြင်ကာ ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဆေးရုံကိုစစ်တပ်က လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ-Wai Hun Aung

“တရားမျှတမှု ရရှိဖို့ အတွက် ထိရောက်တဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဆောင်ရွက် ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်” − ဦးနေဘုန်းလတ်

ဒီဇင်ဘာ ၁၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက မနေ့(ဒီဇင်ဘာ၁၀ရက်)မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ရက္ခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲကာ လူအစုအလိုက်၊အပြုံလိုက်သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားပြီး စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကမ္ဘာကြီးသိမြင်ကာ ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီဟာ မနေ့ကည ၉နာရီကျော်မှာ အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့က ဆေးရုံကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး အသုံးပြု တိုက်ခိုက်ခဲ့လို့ လသားအရွယ် ကလေးငယ်တွေအပါအဝင် ၃၃ဦးသေဆုံးကာ ၇၆ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဆေးရုံဆေးခန်းတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်းသဘောတူညီ ချက်တွေအရရော အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေတွေအရရောအင်မတန် ကြီးမားတဲ့စစ်ရာဇဝတ် မှု ဖြစ်တယ်လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ရည်ရွယ်ချက်ရှိရှိ နဲ့ အများပြည်သူ ဆေးတက်ရောက်ကုသနေတဲ့ ဆေးရုံကို ရည်ရွယ် ချက် ရှိရှိနဲ့ ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒီလိုလုပ်ရပ်ဟာ အင်မတန်မှ ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်တယ် ကြီးမားတဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်ဆိုတာကို ကမ္ဘာကြီးက သိစေချင်ပါတယ်။ ဒီလုပ်ရပ်တွေကိုရည်ရွယ်ချက်ရှိရှိကျူးလွန်နေတဲ့အကြမ်းဖက်စစ်တပ်ကို အပြင်း အထန် ရှုံ့ချရုံသာမကဘဲ ဒီစစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ထိရောက်တဲ့ တရားမျှတမှု ရရှိဖို့ အတွက် ထိရောက်တဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်”လို့ ဦးနေဘုန်းလတ်ကပြောပါတယ်။

စစ်ကောင်စီက အရပ်သားပစ်မှတ်တွေနဲ့ စာသင်ကျောင်း ဆေးရုံ ဆေးခန်းတွေကို တိုက်ခိုက်ခဲ့တာတွေနဲ့ ပတ် သတ်ပြီး NUG လူ့အခွင့်အရေးဝန်ကြီး ဌာနကလည်း ဒီဇင်ဘာလဆန်းမှာ ထုတ်ပြန်ခဲ့ရာ ၂၀၂၅ နိုဝင်ဘာ ၃၀ရက်နေ့အထိ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၂၀၀ ပြုလုပ်ခဲ့ရာ ကလေးငယ် တွေအပါအဝင် ပြည်သူ ၄၄၇၀ သေဆုံးခဲ့တယ်ပါတယ်။

စစ်တပ်က ရက္ခိုင်အပါအဝင် နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲတာတွေ ဆက်လုပ်နေလို့ ပြည်သူသေဆုံးမှု ဆက်လက်မြင့်တက်လျက်ရှိပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၄၁၀ ကျောင်း၊ ဆေးရုံဆေးခန်း ၁၃၉ ခုနဲ့ ဘာသာရေးအဆောက်အအုံ ၆၂၁ ခု ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း အသိပေးထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ စစ်အာဏာရှင်စနစ်ဆက်လက်ရှင်သန်နိုင်ရေး၊ စစ်ရာဇဝတ်ကောင်များကျူးလွန်ခဲ့၊ကျူးလွန်လျက်ရှိကြတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေရေးတို့အတွက် ရည်ရွယ်ပြီး အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေကြောင်း ဦးနေဘုန်းလတ်က ဒီကနေ့ ပြုလုပ်တဲ့ ပြည်သူတွေနဲ့ နိုင်ငံတကာသို့ သတင်း စကား ပြောကြားမှု အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ

သတင်း

စစ်တပ်က ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို ဒီကနေ့ ဩဂုတ်၃ရက် မနက်မှာ Jet တိုက်လေယာဉ်တွေနဲ့ အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA) က ကနဦး ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။