Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးလေကြောင်းတိုက်ခိုက်မှု ပြည်သူ တစ်ဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရောင်နီနွေဦး

ဒီဇင်ဘာ-၁၁၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ တစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၁ရက် ညနေ ၅နာရီခွဲခန့်က မိတ္ထီလာကနေတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ စဉ့်ကူးမြို့နယ် ပင်လယ်ကြီးရပ်ကွက်ကို သုံးကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ထိခိုက်တာက ကျား ၃ဦး၊ မ ၂ဦးပါ။ ပျက်စီးတာကတော့ စကစလက်ထက်က ဝန်ထမ်းအိမ်ရာ ပျက်စီးမှု ရှိတယ် “လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ၂ရက်ကလည်း စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား တစ်ဦးသေဆုံးပြီး (၁၀)နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စဉ့်ကူးမြို့နယ်ဟာ မိုးကုတ်-မန္တလေးလမ်းပေါ်မှာ တည်ရှိနေပြီး စဉ့်ကူးမြို့အပါအဝင် မိုးကုတ်လမ်းတလျှောက်က စခန်းတွေကိုပါ တော်လှန်ရေးအင်အားစုတွေ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ​မိုးကုတ်-မန္တလေးလမ်းပိုင်းကို ပြန်လည်စိုးမိုးဖို့ ကြိုးစားနေပြီး လက်တလောပြန်ရသွားတဲ့ မတ္တရာမြောက်ခြမ်းကနေ စဥ့်ကူးနယ်ထဲကို ဝင်ဖို့ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ရက်နဲ့ ၂၇ရက်ကလည်း စဉ့်ကူးမြို့နယ် မာလဲရွာစာသင်ကျောင်းနဲ့ ဝါးရုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၀ဦးသေဆုံးပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရရှိကာ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၃လုံး ပျက်စီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook