Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ရုရှားနိုင်ငံသားတွေကို ကျားဖြန့်ဂိုဏ်းတွေ ဖမ်းထားတယ်လို့ သံရုံး ယူဆ

မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲ ခံရတဲ့ ရုရှားနိုင်ငံသား ၃ ယောက်ဟာ ငွေကြေးလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးမှု၊ အဓမ္မ ခိုင်းစေမှုတွေကို ခံနေရတယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဆိုပါတယ်။

ရန်ကုန်မြို့ ၊ Market Place မှာ နိုဝင်ဘာ၁၃ ရက်က ​ဈေးဝယ်ထွက်​နေတဲ့ ရုရှား​ရေတပ်ကစစ်သားလို့ ယူဆရတဲ့ ရုရှားနိုင်ငံသား နှစ်ဦးကို​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring

ဒီဇင်ဘာ-၁၇၊၂၀၂၅။People’s Spring

မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲ ခံရတဲ့ ရုရှားနိုင်ငံသား ၃ ယောက်ဟာ ငွေကြေးလိမ်လည်မှု ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးမှု၊ အဓမ္မ ခိုင်းစေမှုတွေကို ခံနေရတယ်လို့ ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဆိုပါတယ်။

ရုရှားသတင်းဌာန TASSနဲ့ တွေ့ဆုံရာမှာ သံရုံးတာဝန်ရှိသူ တစ်ဦးက လက်ရှိ ပျောက်ဆုံးနေတဲ့ ရုရှားနိုင်ငံသား ၃ ယောက်ဟာ ကျားဖြန့်ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်သွားတယ်လို့ အခိုင်အမာ ယူဆရကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ရုရှားနိုင်ငံသားတွေရဲ့ မိသားစုတွေနဲ့ ဆွေမျိုးသားချင်းတွေဆီက အကူအညီ တောင်းခံမှုတွေကို ရရှိထားကြောင်း၊ အဲဒီကိစ္စတွေကို အာဏာသိမ်း စစ်တပ်ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနဆီ အကြောင်းကြားထားကြောင်း၊ ရုရှားနိုင်ငံသားတွေကို အမြန်ဆုံး ရှာတွေ့ပြီး ကယ်ထုတ်နိုင်ဖို့အတွက် သံရုံးဟာ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နေကြောင်း အဲဒီ အရာရှိက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ပရောက် နိုင်ငံသားတွေကို ကူညီရေး ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုစင်တာ (UCC)ရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ အိုင်ဗန် မယ်လ်နီကော့ဗ်က ရုရှားမော်ဒယ် တစ်ဦးဟာ မြန်မာနိုင်ငံထဲမှာ ပြန်ပေးဆွဲ ခံခဲ့ရတယ်လို့ အစောပိုင်းက ပြောခဲ့ဖူးပါတယ်။

အဲဒီအမျိုးသမီးဟာ ထိုင်းကို သွားရောက်ခဲ့ပြီး အဲဒီနောက် အလုပ်ကိစ္စ အင်တာဗျူးအတွက် ရန်ကုန်ဆီ ပို့ဆောင်ခံခဲ့ရကြောင်း၊ ပြီးတော့ သူ့ရဲ့ ပတ်စ်ပို့တ်နဲ့တခြားစာရွက်စာတမ်းတွေကို အတင်းအကြပ် သိမ်းယူ ခံရပြီး နောက်တော့ နေရာအတိအကျမသိရတဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုမှာ အဓမ္မ ခိုင်းစေ ခံနေရတယ်လို့ မယ်လ်နီကော့ဗ်က ဆိုပါတယ်။

သူ့ကိုပြန်လွှတ်စေချင်ရင်ဒေါ်လာတစ်သောင်း ပေးရမယ်လို့ ပြန်ပေးဆွဲထားတဲ့ ဒုစရိုက်သမားတွေက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ အခုအခါမှာတော့ မြန်မာနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ရုရှား နိုင်ငံသားတွေအတွက် ပြန်ပေးငွေ အများအပြား တောင်းခံမှုတွေ ရှိလာမှာကို စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

TASSက ခြေရာခံ စုံစမ်းထားမှုတွေအရ အခုနှစ်ထဲမှာ မြန်မာအခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးမှုကို ခံရပြီးမှ ပြန်လွတ်လာခဲ့တဲ့ ရုရှားနိုင်ငံသား ၆ ဦးထက်မနည်း ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ သူတို့တွေထဲက ၃ ဦးကို ထိုင်းအာဏာပိုင်တွေနဲ့ ဘန်ကောက်မှာရှိတဲ့ ရုရှားသံရုံးတို့ရဲ့ ညှိနှိုင်းမှုအရ ရုရှားဆီ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။ နောက်ထပ် ၂ ဦးကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထိုင်းပိုင်နက်ဖက် ရောက်လာခဲ့ပြီး ထိုင်းအာဏာပိုင်တွေက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီနောက် သူတို့ကို ပြည်နှင်ဒဏ် ပေးခဲ့ပါတယ်။ ရုရှား အမျိုးသမီး တစ်ဦးကိုတော့ တရုတ်နိုင်ငံဆီ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့တယ်လို့ ဆိပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး အစ္စခန်ဒါ အဇီဇော့ဗ်က မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တဲ့ ရုရှားနိုင်ငံသားတွေ ရှိသလို ထိုင်းကနေ လူမှောင်ခို တင်ပို့ခံရသူတွေလည်း ရှိတာကြောင့် ကျားဖြန့်ဂိုဏ်းတွေရဲ့ ဖမ်းဆီးချုပ်နှောင်မှု ခံထားရတဲ့ ရုရှားနိုင်ငံသား အရေအတွက်ကို တိတိကျကျ ခန့်မှန်းဖို့ ခဲယဉ်းကြောင်းလည်း ဝန်ခံသွားပါတယ်။

ကိုးကား: TASS

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။